ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား . . .

(က) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ(ရန်ကင်းတောရကျောင်း)တွင် ရှေးရှေး
အစဉ်အလာမပျက် ဤဆောင်းတွင်း၌လည်း(၁၀)ရက် ဝိပဿ နာတရားစခန်း ဖွင့်လှစ်ရန် အစီအစဉ် ရှိနေပါသည်။
(ခ ) ယောဂီဦးရေနှင့် အသက်အပိုင်းအခြား ကန့်သတ်ချက်ရှိကောင်းရှိပါမည်။
(ဂ ) ဤတရားစခန်း၌မူ ဆရာတော်ဘုရားမှ နည်းပြသင်တန်း ဆင်းပြီးသူလူငယ်နှင့် လူလတ်ပိုင်းကို ဦးစားပေးလိမ့််မည်ဟု ထင်မိပါသည်။
(ဃ) ရန်ကင်းတောရဆရာတော်၏ ကျန်းမာရေးအခြေအနေပေါ် မူတည်ကာ တရားစခန်း ရက်သတ်မှတ်ပေးတော်မူပြီးပါက အသေးစိတ်ကို မကြာမီရက်ပိုင်းအတွင်း၌ပင် ထုတ်ပြန် ကြေငြာပေးပါမည်။
(င ) စိတ်ပါဝင်စားသူများ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာရုံးခန်းသို့ ဖုန်းဖြင့်လည်းကောင်း Email ဖြင့်လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေပြည်တော်ယဉ်ကျးလိမ္မာစင်တာ
ဖုန်း-၀၉ ၈၃၀ ၄၄၄၆၊ ၀၉ ၄၃၀ ၇၅၇၀၄၊ ၀၉ ၇၉၇ ၃၀၃၀၂၁
Email: sayadaw@dhammatrainingcenter.com

No Comments Yet.

Leave a comment