ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

သာသနာတော်ကြီး ရေရှည် တည်တံ့စေရေး အတွက် စုပေါင်းဆောင်ရွက်

                 ပြင်ဦးလွင်မြို့တွင် မြို့နယ်လုံးဆိုင်ရာ တနင်္ဂနွေ  ဓမ္မကျောင်းတော် (၂)နှစ်ပြည့်   နှစ်ပတ်လည် အစည်းအဝေးပွဲကို၊  ပြည်တော်သာကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။
                 အခမ်းအနားသို့ ဆရာတော်၊ သံဃာတော် (၃၅)ပါးနှင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ကျောင်း (၂၈) ကျောင်းမှ ဆရာ၊ဆရာမ (၄၈၀)ဦးနှင့် ကျောင်းသားကျောင်းသူ (၆၀၀)ဦး စုစုပေါင်း (၁၀၀၀)   ကျော်တက်ရောက်ခဲ့ပါသည်။  
            အစည်းအဝေးပွဲ  ကျင်းပရခြင်း၏   ရည်ရွယ်ချက်မှာ  အမျိုးဘာသာ၊  သာသနာ ကာကွယ်   စောင့်ရှောက်  မြှင့်တင်ရန်  တို့များညီညာ  လက်တွဲစို့ ဟူသော  ဆောင်ပုဒ်နှင့်အညီ ဗုဒ္ဓမြတ်စွာ သာသနာ  (၃)ရပ်  အဓွန့်ရှည်စွာ  တည်တံ့စေရန်၊  အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များ၏   နှလုံးသားထဲ၌ မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများ ကိန်းဝပ်တည်တံ့စေရန်နှင့် တနင်္ဂနွေနေ့တိုင်း ဓမ္မကျောင်းတော် များတွင်   ပို့ချနေသည့်  ဆရာ၊ဆရာမများ   တိုးပွားလာစေရန်၊  ဓမ္မကျောင်းတော်  အချင်းချင်း ခင်မင်ရင်းနှီးစွာဖြင့်    ကူညီစောင့်ရှောက်  ပံ့ပိုးပေးနိုင်ကြရန်နှင့် ယဉ်ကျေးလိမ္မာ  သင်တန်းများ တိုးတက်   ပြန့်ပွားလာစေရန် ဖြစ်ကြောင်း သိရပါသည်။
           အခမ်းအနာ၌  ပြင်ဦးလွင်မြို့နယ် ၊  တနင်္ဂနွေဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေး  ဥက္ကဌ ဦးစံငြိမ်းက   ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ  ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ကြီးကို  ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့်  တစ်နိုင်ငံလုံးရှိ ယဉ်ကျေးလိမ္မာသင်တန်းများ၊  သင်တန်းကျောင်းများ  အချင်းချင်းပေါင်းစည်းကာ  အနာဂတ်၏ မျိုးဆက်သစ်လူငယ်များကို   ဘာသာတရားအခြေခံကောင်းအောင် ဆောင်ရွက်ရန် တိုက်တွန်းသွားပါသည်။

No Comments Yet.

Leave a comment