ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။
၂။ သြဂုတ်လ(၁၆)ရက်မှ (၁၈)ရက်ထိ နှစ်ညအိပ်သုံးရက်တရားစခန်းဝင်ခွင့်ရသည့် ယောဂီများ၏ အမည်စာရင်းကို ယနေ့ညပိုင်းမှ စတင်ကာ အပိုင်းလိုက် အပိုင်းလိုက်ခွဲပြီး ဆက်တိုက်တင်ပေးပါမည်။ (+A) (A) (+B)
(B)အထိ တရားစခန်းဝင်ခွင့် ရနိုင်မည်ဟု မျှော်လင့်ထားပါသည်။ တရားစခန်း သင်ခန်းစာမှာ အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ အနန္တရူပနိဿ ရ၊ နတ္ထိနှင့်ဝိဂတပစ္စည်း (၆)ပါးနှင့် နည်းနယ(၄)ပါးတို့ကို ဆရာတော် သင်ကြားပေးမည်ဟုသိရပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

သာသနာပြု စွမ်းရည်မြှင့်သင်တန်း (၃၇/၂၀၁၉)

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် သာသနာပြုစွမ်းရည်မြှင့်သင်တန်း (၃၇/၂၀၁၉)ကို ဖေဖော်ဝါရီလ(၁၁)ရက်၊ တနင်္လာနေ့မှ (၁၈)ရက် တနင်္လာနေ့ထိ ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျောင်းတွင် ဖွင့်လှစ်ထားပါသည်။ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်တွင်းကြီးမြို့၊ မင်းကင်းမြို့၊ ရပ်စောက်မြို့၊ စေတုတ္တရာမြို့၊ ပျော်ဘွယ်မြို့၊ ကျောက်မဲမြို့၊ ပင်းတယမြို့နှင့် လယ်ဝေးမြို့တို့မှ ရဟန်းသံဃာတော် စုစုပေါင်း (၄၆)ပါး သင်တန်းတက်ရောက်လျှက်ရှိပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

သာသနာပြုစွမ်းရည်မြှင့်သင်တန်း

Dhamma Training Center

သာသနာပြုစွမ်းရည်မြှင့်သင်တန်း

Dhamma Training Center

သာသနာပြုစွမ်းရည်မြှင့်သင်တန်း

Dhamma Training Center

သာသနာပြုစွမ်းရည်မြှင့်သင်တန်း

Dhamma Training Center

သာသနာပြုစွမ်းရည်မြှင့်သင်တန်း

Dhamma Training Center

 

 

Comments are closed.