ဗုဒ္ဓလက်ထက်တော်မှစ၍ ယနေ့ထိအစဉ်အလာ ကောင်းခဲ့သောနေ့ ထူးနေ့မြတ် တနေ့လည်း ဖြစ်ပါသည်။
အဘိဓမ္မာဆိုသည်မှာ အဘိဝိသိဋ္ဌဓမ္မ ထူးခြားသော ဓမ္မတွေ ပါဝင်သော ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီး ပြည့်ပြည့်စုံစုံ ဟောထားသော ဒေသနာ ဖြစ်ပါသည်။
တနည်းအားဖြင့် “အဘိ” ဆိုသည်မှာ အလွန်လေးနက်သော၊ “ဓမ္မ” ဆိုသည်မှာ သဘာဝတရားဓမ္မ များကို ဆိုလိုပါသည်။
နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ ယနေ့တနင်္ဂနွေ့နေ့ သီတင်း ကျွတ်လပြည့်နေ့ နံနက်(၈း၀၀) နာရီအချိန်တွင် ဥပုသ်သီလဆောက် တည်ကြသော ယောဂီပုဂ္ဂိုလ်များအား “အလှူဒါနပြုလုပ်ရာတွင် ထားရှိရ မည့် စိတ်နေသဘောထား” တရားတော်ကို ဟောကြားတော်မူ ခဲ့ပါသည်။
အလှူဒါနပြုရာတွင် အင်္ဂါ(၃)ချက်ဖြစ်သော (၁)အလှူရှင် (၂) အလှူခံ ပုဂ္ဂိုလ် (၃) အလှူပစ္စည်း ရှိရပါမည်။ ၄င်းတို့စင်ကြယ်ပါမှ အကျိုးပေး ထက်သန်နိုင်ကြောင်း မိန့်ကြားပါသည်။
လှူဒါန်းရာ၌လည်း အလှူရှင်မှ (က)မလှူခင် (ပုဗ္ဗစေတနာ) (ခ)လှူဆဲ (မုစ္စစေတနာ) (ဂ) လှူပြီး (အပရစေတနာ) တို့ကို စောင့်ရှောက်ရပါ မည်။
အလှူရှင်ဘက်က စေတနာ (၃)တန် ပြတ်သားပြီး လှူရမည်ဖြစ် ကြောင်း၊ အဓိကအားဖြင့် “လှူဒါန်းပြီးလျှင် နောင်တမရစေရန် အထူးလို အပ်ပါကြောင်း” အကျယ်တ၀င့် ဟောကြားတော် မူခဲ့ပါသည်။