နေပြည်တော်၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၌ စက်တင်ဘာလ (၁၈)ရက် နေ့၁း၀၀ နာရီမှ ၄း၀၀နာရီအထိ အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် သင်တန်းကို ရန်ကင်းတောရ ဆရာတော်မှ တပည့်ယောဂီများအား သင်ကြားပို့ချပေးပါသည်။
ဆရာတော်မှ အဘိဓမ္မာ ဆိုသည်မှာ ခန္ဓာမှာရှိကြောင်း၊ မြတ်စွာဘုရားသည် ခန္ဓာ၏ သဘောတရားကို ဟောကြားတော် မူထားခြင်းဖြစ်ကြောင်း၊ စာနှင့်တရား၊ တရားနှင့်စာသည် တစ်ထပ်တည်း ဖြစ်ကြောင်း မိန့်ကြားပါသည်။
ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ် ကို ခွဲခြားသိပြီး ဘ၀ထဲကျင့်သုံးတတ် နိုင်အောင် အဓိကထားပြီး သင်ကြားပေးပါသည်။
သူတော်ကောင်းတို့မည်သည် မကောင်းမှုလုပ်ရန် ခက်ခဲတတ်ပြီး၊ ကောင်းမှု လုပ်ရန် လွယ်ကူပါသည်။ ထို့ကြောင့်မိမိသူတော်ကောင်း ဖြစ်နိုင်ရန် သူတော်ကောင်း ပုဂ္ဂိုလ်များကို ဆည်းကပ်ရပါမည်။ သူတော်ကောင်းတို့၏ တရားများကို နာကြားရပါမည်။ ဝိပဿနာ တရားစခန်းများ၊ အဘိဓမ္မာသင်တန်းများ တက်ရောက်ရပါမည်ဟု အကျယ်တ၀င့် ပို့ချပေး တော်မူပါသည်။