နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ တနင်္ဂနွေ့နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြားပို့ချပေး ပါသည်။
ရန်ကင်းတောရဆရာတော်မှ စတုပါရိသုဒ္ဓိသီလလေးပါး ပြည့်စုံစေပုံကို အသေးစိတ် ရှင်းလင်းသင်ကြား ပေးတော်မူခဲ့ပါသည်။
၁။ ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလနှင့် ပစ္စယသန္နိဿိတသီလတို့သည် ထက်ဝန်းကျင် စင်ကြယ်အောင် စောင့်ထိန်း အပ်သော စတုပါရိသုဒ္ဓိသီလဖြစ်ပါသည်။
(က) ပါတိမောက္ခသံဝရသီလ – ရဟန်းသံဃာများစောင့်ထိန်းရသောသီလ (၄င်းသီလသည် သဒ္ဓါတရားတည်း ဟူသောအကြောင်းကြောင့်သာ ပြည့်စုံ စေနိုင်၏)
(ခ) ဣန္ဒြိယသံဝရသီလ – မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ကို သတိဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း (၄င်းသီလသည် သတိကြောင့်ပြီး ပြည့်စုံနိုင်၏)
(ဂ) အာဇီဝပါရိသုဒ္ဓိသီလ – အသက်မွေးဝမ်းကြောင်း စင်ကြယ်ခြင်း (၄င်းသီလသည် ၀ရီယကြောင့် ပြီးပြည့်စုံနိုင်၏)
(ဃ) ပစ္စယသန္နိဿိတသီလ – သုံးဆောင်မှု အ၀၀ပေါ်မှာ ဆင်ခြင်ပြီး သုံးဆောင်စေခြင်း။ (၄င်းသီလသည် ညာဏ်ပညာကြောင့် ပြီး ပြည့်စုံနိုင်၏)
စသော သံဝရသီလ၊ စောင့်စည်းမှုနှင့် ပတ်သက်၍အသေးစိတ် နှစ်နာရီကျော်ကြာ ရှင်းလင်းသင်ကြား ပေးတော်မူခဲ့ပါသည်။
ယောဂီများလည်း ၅-ပါးသီလ၊ ၈-ပါးသီလသီလစသည် တို့ကို ဆောက်တည်ခြင်းကြောင့် မိမိအားထုတ်နေတဲ့ ကမ္မဌာန်းတိုးတက် ကြီးပွားဖို့ အထောက်အပံ့ကောင်း ဖြစ်စေနိုင်သလို၊ ကမ္မဌာန်း တိုးတက်ကြီးပွား လာတာကြောင့်လည်းဘဲ မိမိစောင့်ထိန်းနေတဲ့ သီလပိုမိုပြည့်စုံဖို့ အထောက်အပံ့ကောင်း ဖြစ်စေပါတယ်လို့ အသေးစိတ်သင်ပြ ပေးတော် မူခဲ့ပါတယ်။