ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။
၂။ အပတ်စဉ် (၁၄၂) စက်တင်ဘာ တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

အမှတ်စဉ် (၁၂၂) ၀ိပဿနာ တရားစခန်း

 

ဝိပဿ        နာ တရားစခန်း (၁၂၂)

Dhamma Training Center

IMG_3108 IMG_3109

ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာနတွင် ဒီဇင်ဘာလ (၁၀) ရက်မှ (၂၀) ရက်ထိ လူလတ် နှင့် လူကြီး ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၂၂) ကို နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဆရာတော်မှ ယခုတရားအားထုတ်မည့် ယောဂီများအနေုဖြင့် ပုထုစဉ် သဘာဝ ဖြစ်သည့်အတွက် မပြစ်မှားသင့်သူများကို ပြစ်မှားမိခဲ့လျှင်သော် လည်းကောင်း၊ မပြောသင့်သူများကို ပြောမိခဲ့လျှင်သော်လည်းကောင်း၊ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိခဲ့လျှင် တရား အားထုတ်ရာ၌ အဆင်မပြေဖြစ်နိုင်၍ ဆရာဦးဗုဒ်၏ သြကာသ ကန်တော့ချိုးဖြင့် ကန်တော့ ကြစေရန် သင်ပြပေး တော်မူပါသည်။

ဆရာတော်မှ ယောဂီများအား တရားလမ်းကြောင်းမှန် အားထုတ်တတ် စေရန် နည်းနိဿယ ပေးသွားမည်ဖြစ်ပြီး သင်ကြားပေးလိုက်သော နည်း စနစ်များကို မိမိတို့ဘ၀ထဲထိ ပါသွားနိုင်ပြီး ဘ၀ထဲမှာလည်းတရားနှင့် နေတတ်စေရန် ရည်ရွယ်ပါကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။

No Comments Yet.

Leave a comment