ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်မည် ဖြစ်ပါ၍ ကြိုတင် စာရင်းပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရှင်သာမဏေ အပါး (၄၀) နှင့် သီလရှင် (၂၀) ပါး သာ လက်ခံမည် ဖြစ်ပါသည်။
(ဓမ္မကျောင်းတော် တက်ရောက်နေသော ကျောင်းသား/သူများ ကို ဦးစား ပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၅) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ယောဂီဟောင်းများ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

အမှတ်စဉ် ( ၁၇ / ၂၀၁၅ ) သင်တန်းဆင်းပွဲ

P1270717P1270718P1270714P1270704ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ ( ၁၂ ) ရက်နေ့ နေ့လည် ( ၁၂း၃၀ ) နာရီတွင် ရန်ကင်းတောရ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲကို မြတ်စွားဘုရားရှင်အား “နမောတဿ မဟာပဏာမ “ဘုရားရှိခိုးဖြင့် (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူး (၁) ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော် ရန်ကင်းတောရ ဆရာတော်မှ မိမိအသိစိတ်ဓာတ်ဖြင့် တာဝန်ကိုပြီးပြည့်စုံအောင် အနာခံစိတ်ထား၍ လုပ်ဆောင်ရန် သြဝါဒစကားမိန့်ကြားခဲ့ပါသည်။
ထို့နောက် လယ်ဝေးမြို့နယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီနာယက၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ယာယီတာဝန်ခံကျောင်းအုပ် မြို့နယ်ပညာရေးမှုး (ငြိမ်း) ဆရာကြီးဦးအောင်မြင့်မှ ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက်ချက်များကို လည်းကောင်း သင်တန်းသားများ ကိုယ်စား သင်တန်းသူ လည်စွဲအမှတ်(၆၆) သတ(၈၅၈) ဒေါ်မာမာအေးမှ ကျေးဇူးတင်စကား လျှောက်ထားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှားများ ပေးအပ်ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု“ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
P1270689နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။

No Comments Yet.

Leave a comment