ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၄/၂ဝ၁၆)ကို ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာနတွင် သြဂုတ်လ (၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ အနာဂတ်သာသနာ ရေရှည်တည်တံ့ရန်အတွက် လူငယ်မောင်မယ်များ ယဉ်ကျေး လိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်။ ထိုသို့သော လူငယ်မောင်မယ်များ တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးနေစေရန်အတွက် ရည်ရွယ်၍ ဗုဒ္ဓ၏အဆုံးအမများကို မသင်မဖြစ် သင်ကြား ပေးနေမှသာလျှင် နောင်အနာဂတ်သာသနာသည် မိမိတို့အတွက် စိတ်ချဖွယ်ရာ ရှိမည်ဖြစ်သည်။
ထို့ကြောင့် လူငယ်မောင်မယ်များကို ဗုဒ္ဓအဆုံးအမများ သင်ကြားပေးရန်အတွက် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ သင်တန်းဌာနတွင် သင်တန်းများ လစဉ်သင်ကြား ပို့ချပေးလျှက်ရှိပါသည်။ ထိုကဲ့သို့ သင်တန်းများ သင်ကြားပို့ချရာတွင် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် သင်ကြားပေးနိုင်သော CCA သင်ကြားနည်းစနစ်ဖြင့် သင်ကြားပို့ချပေးနေပါသည်။
ဆရာ/မ ဦးရေ ကန့်သတ်ထားပါသည်။ သင်တန်းတက်ရောက်မည့် သူများသည် မိမိတို့၏ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများနှင့် သုံးစွဲနေသည့် ဆေးဝါးများကို ယူဆောင် လာရပါမည်။
အသေးစိတ်သိရှိလိုပါက ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်လည်းကောင်း၊ Email ဖြင့်လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်ခင်ဗျာ။
ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04 ။ Email;sayadaw@dhammatrainingcenter.com နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။