နေပြည်တော်၊ ယဉ်ကျေးလိမ္မာစင်တာ မှ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်ခန်းစာများကို ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် အချိန်ပိုင်း သင်ကြားပို့ချပေးပါသည်။
ဆရာလေး ဒေါ်ဓမ္မဒိန္နာက အထွေထွေယဉ်ကျေးခြင်း၊ ဆရာလေးဒေါ်ကုသလာ က ထိခြင်းငါးဖြာ
ဆရာမကြီး ဒေါ်ခင်အုန်းမြင့် က သရဏဂုံသင်ခန်းစာ နှင့် အိမ်၌ယဉ်ကျေးခြင်း
ဆရာမကြီးဒေါ်ဝင်းဝင်းခိုင်က ဗုဒ္ဓ၀င်၊ ဆရာမဒေါ်ချိုချိုခိုင်က ဂုဏ်တော်၊
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးနေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်း ဆောင်တာများ သင်ခန်းစာကို ဆရာမ ဒေါ်သန်းသန်းမြ ကလည်း ကောင်း
လူတိုင်းလိုက်နာ ကျင့်သုံးရမည့် သီလ သင်ခန်းစာကို ဒေါ်သီတာညွန့် (ဒု-ညွှန်မှူး) က လည်းကောင်း
ဆရာမဒေါ်နွယ်နီအောင်က ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊
သြကာသ သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်စန်း၊ ၀ိပါက်တော် ၁၂ ပါး သင်ခန်းစာကို ဆရာမဒေါ်မြမြစိန်၊ သာသနာ့ယဉ်ကျေးမှုနှင့် ခင်ပွန်းကြီး သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်မေ၀င်း၊
ဆရာမကြီးဒေါ်စန်းရီရွှေက ပုညကြိယာ ၀တ္တု (၁၀)ပါး၊
ဆက်ဆံရေးမင်္ဂလာ ကို ဆရာမဒေါ်မူမူဝင်း၊ ပညာရေးမင်္ဂလာတရားတော်ကို ဆရာမ ဒေါ်ခင်အေးမူ၊
သဘာဝပတ်ဝန်းကျင် အကြောင်း သိကောင်းစရာများကို ဒေါ်ရီရီဟန်-ဒုညွှန်မှူး (ငြိမ်း) က လည်းကောင်း အသီးသီး သင်ကြား ပို့ချပေးပါသည်။
ကံကံ၏အကျိုး တရားတော်ကို ရန်ကင်းတောရမှ ဦးဇင်းဦးစန္ဒိမာက ဟောကြားတော် မူပါသည်။
နေ့စဉ်သင်ကြားပြီး သင်ခန်းစာများအပေါ် ကျောင်းသား/သူလေးများက အုပ်စုလိုက် ဆွေးနွေးခြင်း များ ပြုလုပ်ကြပါသည်။