ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၇)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တနင်္ဂနွေနေ့ညနေမှ ဇန်န၀ါရီလ(၁)ရက် အင်္ဂါနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါသဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဆေးသောက်မယ်

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ဆေးသောက်မယ်    Let’s Take the Medicine

          လူတိုင်းလိုလို ဆေးတွေ သောက်နေကြရပါတယ်။ ရောဂါဘယကြောင့်လည်း သောက်ရ တတ်တယ်။

      ပုံမှန် အားဆေးတွေလည်း သောက်ရတာပဲ။ ဘာဆေးကိုပဲ သောက်သည်ဖြစ်စေ၊ဆေး ပုလင်းကို သတိထားပြီးကိုင်ပါ။ ဆေးပုလင်းဖွင့်တာ လက်ဖ၀ါးပေါ် ဆေးဝါး တွေယူတာ သတိပြုပါဦး။

          ပြီးရင် ဆေးကို ပါးစပ်ထဲ မထည့်ခင် သတိ ကပ်ပြီး တစ်ခါလောက်ဖြစ်ဖြစ် အသက်၀၀ ရှုပါဦး။

ပြီးတော့ ဆေးထုတ်လုပ်သူတွေ၊ ရောင်းသူတွေ၊ ဆရာဝန်တွေကို မေတ္တာပို့လိုက်ပါဦးလား။

          နောက်ဆိုရင် ဆေးသောက်တော့မယ်ဆိုတာကကို Mindfulness ဖြစ်ဖို့အတွက်နှင့် မေတ္တာပို့ဖို့ အတွက်Signal ဖြစ်နိုင်တဲ့ထိ လေ့ကျင့်ဖို့ သိပ်ကောင်းပါတယ်။ မခက်ပါဘူး၊ စလုပ်ကြည့်ပါ၊ ဒီနေ့ပဲ စကြ ပါစို့နော်။

             ခုလို သတိရှိလာသူအဖို့ ဆေးမှားသောက်တာ မရှိနိုင်တော့ပါဘူး။ အလေ့အကျင့် သိပ်ကောင်း ရင်တော့  ဆရာဝန်ပေးလိုက်တဲ့ ဒီဆေးဟာ မိမိခန္ဓာကိုယ်အတွက် ဒီနေ့ သုံးဖို့လိုတယ်၊ မလိုဘူးထိ သိနိုင် ပါတယ်။

ဒါကြောင့် You should educated your self.  

Daily Life

Dhamma Training Center

Comments are closed.