နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော သီလရှင်ဆရာလေးများသည် လယ်ဝေးမြို့နယ်၊ သပြေပင်စံပြကျေးရွာသို့ ဆွမ်းဆန်စိမ်း အလှူခံထွက်ကြပါသည်။
ယဉ်ကျေးလိမ္မာသင်တန်း၌ ဆရာမ ဒေါ်ခင်အုန်းမြင့်မှ ကိုးကွယ်ရာအစမှ ကိုးကွယ်ရာ အစစ် သင်ခန်းစာကို သင်ကြားပြသ ပေးပါသည်။
ဆရာမ ဒေါ်ခင်မေ၀င်းမှ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော် အကြောင်း သင်ခန်းစာကို သင်ကြားပြသ ပေးပါသည်။
လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်း(၂) သင်ခန်းစာကို ဦးဇင်းဦးစန္ဒိမာ (မိုးကောင်း)မှ ဟောကြားတော်မူပါသည်။