ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေးမှုသင်တန်း (၂၅.၂.၂၀၁၇)

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော သီလရှင်ဆရာလေးများသည် လယ်ဝေး မြို့နယ်၊ ညောင်မုတ်ဆိတ်ရွာနှင့် ရွာသစ်ကြီးရွာတို့သို့ ဆွမ်းဆန်အလှူခံ ထွက်ကြပါ သည်။

Nun&Novice

Dhamma Training Center

ယဉ်ကျေးလိမ္မာသင်တန်း၌ ဆရာမ ဒေါ်ခင်မေ၀င်းမှ ခင်ပွန်းကြီးဆယ်ပါးနှင့် ပဉ္စာနန္တိယကံ သင်ခန်းစာကို သင်ကြားပေးပါသည်။

ဦးဇင်းဦးစန္ဒိမာ (မိုးကောင်း)မှ ကံကံ၏အကျိုး သင်ခန်းစာကို ဟောကြား တော်မူပါသည်။

လူတို့စောင့်ထိန်းရသည့် သီလ သင်ခန်းစာကို ဒု-ညွန်မှူး ဒေါ်သီတာညွန့်မှ သင်ကြားပေးပါသည်။

ဦးဇင်းဦးစန္ဒိမာ (ရန်ကုန်)မှ သင်္ဂါယနာသမိုင်း သင်ခန်းစာကို ဟောကြား တော်မူပါသည်။

ရှင်သာမဏေ နှင့် သီလရှင်ဆရာလေးများ ဝေယျာဝစ္စ ပြုလုပ်ကြပါသည်။

 

Comments are closed.