နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော သီလရှင်ဆရာလေးများသည် ၂၈.၂.၂၀၁၇ နေ့တွင် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ ချောင်းကမ်းပါးတဲစု တို့သို့ ဆန်ခံထွက်ကြပါသည်။
ယဉ်ကျေးလိမ္မာသင်တန်းတွင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးနေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်း ဆောင်တာများ သင်ခန်းစာကို ရွှေအင်တောင် ဓမ္မကျောင်းတော် ဥက္ကဌ ဆရာမ ဒေါ်သန်းသန်းမြ မှ သင်ကြားပေးပါသည်။
စိတ်ထားရေးမင်္ဂလာ သင်ခန်းစာကို ဆရာမဒေါ်မြမြစိန်မှ သင်ကြားပေးပါ သည်။
ဆရာလေး ဒေါ်သစ္စနစာရီ မှ သာသနာ့ အနွယ်ဝင် သီလရှင်ဆရာလေးများအား သီလရှင်ကျင့်ဝတ် သင်ခန်းစာကို သင်ကြားပေးပါသည်။
မြင့်မြတ်သူတို့၏အလုပ်တရားတော်ကို ဦးဇင်းဦးစန္ဒိမာ (မိုးကောင်း)မှ ဟောကြား တော်မူပါသည်။
နေပြည်တော် ယဉ်ကျေးလိမ္မာ သင်တန်း၌ ရှင်သာမဏေနှင့် သီလရှင်ဆရာလေး များ၏ လှုပ်ရှားမှု ပုံရိပ်များ