နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈း၃၀ နာရီ တွင် ကျင်းပပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုအတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ် သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ ရှင်သာမဏေနှင့် သီလရှင်များအား သင်တန်းဆင်း သြ၀ါဒ မိန့်ကြားတော်မူပါသည်။
ရှင်သာမဏေနှင့် သီလရှင်များက ကျေးဇူးတင်စကား ပြောကြားပါသည်။
အလှူရှင်များမှ ရှင်သာမဏေနှင့် သီလရှင်များကို လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။