ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေပြည်သာအုပ်စု ဝဲကြီးရွာတွင် ဓမ္မကျောင်းတော် (၃)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို သြဂုတ်လ(၁၄)ရက်နေ့ မနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။
ထိုနှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်သော ကော်မတီအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ဓမ္မကျောင်းတော် ကျောင်းသား/ကျောင်းသူများကို ဝဲကြီးကျောင်းတိုက် ပဓာန နာယကဆရာတော်မှ ငါးပါးသီလ ချီးမြှင့်ခဲ့ပြီး သြဝါဒစကား မိန့်ကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟို အဖွဲ့ခွဲ(၁) ဗဟိုအလုပ်မှုဆောင်ဆရာတော် အရှင်စန္ဒိမာမှ ဓမ္မကျောင်းတော်များ ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်အား မိန့်ကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟို အဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ (ဒု-ဥက္ကဋ္ဌ) ဆရာကြီးဦးအောင်မြင့်မှ ဓမ္မကျောင်းတော်ဆိုင်ရာ ကိစ္စရပ်များပြောကြားခဲ့ပါသည်။ ထို့နောက် ရွှေပြည်သာအုပ်စု ၀ြဲုကီးဓမ္မကျောင်းတော် ဥက္ကဋ္ဌ ဦးကျော်စိုးမှ
ဆုရရှိသော ကျောင်းသား/ကျောင်းသူများကိုဆုချီးမြင့်ခဲ့ပါသည်။ ကျောင်းသားမိဘများကိုယ်စား အမျိုးသမီးအဖွဲ့ ခေါင်းဆောင် ဒေါ်မြင့်ကြည်မှ ၀မ်းသာကြည်နူးမိကြောင်းပြောကြားခဲ့ပါသည်။ နေပြည်တော် လယ်ဝေးမြို့ နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့်ထွန်းကာပြန့် ပွားရေးကော်မတီ ကျောင်းအုပ်ဆရာကြီး(ငြိမ်း)ဦးမြင့်ဝေမှ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ခိုင် မြဲရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ နောက် ရွှေပြည်သာအုပ်စု ၀ဲကြီးကျေးရွာ ရပ်မိရပ်ဖများ၏ကိုယ်စား နာယကဦးချစ်လှိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၀ဲကြီးဓမ္မကျောင်းတော်(၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ် ရွက်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။