ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

နေပြည်တော် ဇေယျာသီရိမြို့နယ်မှ သင်တန်းသူ ဒေါ်မြင့်မြင့်စန်း (ကသ-၃၇)မှ သင်တန်းသားများ ကိုယ်စား ကျေးဇူးတင်စကား လျှောက်ထားခြင်း

c-1

c-2

c-3

c-4

c-5

ေေေေေဆေ-6
အပိုင်း(၁)
ရန်ကင်းတောရဆရာတော်ဘုရားကြီးနှင့်တကွ ကြွရောက်လာသော ဆရာတော် သံဃာတော်များအား ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်ကတော့ ဒေါ်မြင့်မြင့်စန်း ဖြစ်ပါတယ်ဘုရား၊။ ဓမ္မကျောင်တော် ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၁၉/၂၀၁၆) သင်တန်းသား၊သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကား လျှောက်ထားခွင့် ပြုတော်မူပါဘုရား။

အပိုင်း(၂)
တပည့်တော်တို့တစ်တွေ ရန်ကင်းတောရ သာသနာ့နယ်မြေကို ခြေချမိတဲ့ အချိန်ကစပြီး တောတောင်သဘာဝများက စိမ်းလန်းဆိုပြေပြီး သန့်ရှင်းသပ်ရပ်နေတာ မြင်ရတဲ့အတွက် စိတ်ကြည်နူးမိပါတယ်ဘုရား။တပည့်တော်တို့ကို ဦးဇင်းဘုရားများ၊ ဆရာလေးများနှင့် ဆရာမကြီးမျာနှင့် ဝေယျာဝစ္စမောင်လေး ညီမလေးများက နွေးထွေးစွာ ကြိုဆိုမူကို ခံယူရတဲ့အတွက် အမောပြေပြီ ဝမ်းသာပီတဖြစ်ရ ပါတယ်ဘုရား။ ညနေ ၅ နာရီမှာလည်း ဆာလောင်မွတ်သိပ်နေတဲ့ တပည့်တော်တို့ကို အာဟာရများ အဆင်ပြေအောင် စီမံဆောင်ရွက်ပေးတဲ့အတွက် အားအင်များ ဖြစ်ခဲ့ရ ပါတယ်ဘုရား။
အပိုင်း(၃)
ဆရာတော်ဘုရားကြီးကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း လျှောက်ထား အပ်ပါတယ်ဘုရား။ အခုလို ဓမ္မကျောင်းတော်များကိုသာဆရာတော်ဘုရားမှ တည်ထောင်ပေးတော်မမူခဲ့ပါလျှင် မျိုးဆက်သစ် လူငယ်လေးများအတွက် ရင်လေးစရာ ဖြစ်ပါတယ်ဘုရား။ လူကြီးမှန်းမသိ လူငယ်မှန်းမသိ ဘုရာမှန်းမသိ တရားမှန်းမသိ သံဃာမှန်းမသိ ရိုင်းစိုင်းလာကြသည်ကို ယနေ့ အားလုံးက သိရှိပြီးဖြစ်ပါတယ်ဘုရား။
ယနေ့ ဓမ္မကျောင်းတော်ကြီးကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အနာ ဂတ်ရဲ့ မျိုးဆက်သစ်လူငယ်လေးများ အသိဉာဏ်ဖြစ်ထွန်းလာရုံမက အရွယ် (၃)ပါးလုံး ပြောတတ် ဆိုတတ် နေထိုင်တတ်လာတာကို တွေ့မြင်ခဲ့ရသည့်အတွက် အနာဂတ်သာသနာ အတွက် အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်ဘုရား။ သို့ဖြစ်ပါ၍ အမျှော်အမြင် ကြီးမားတဲ့ ဆရာတော်ဘုရားအား အထူးလေးစာဂုဏ်ယူမိပါကြောင်း လျှောက်ထားအပ် ပါတယ်ရား။

အပိုင်း(၄)
အိပ်ဆောင်နှင့်တကွ အိပ်ယာနေရာနှင့် ပတ်သက်၍ လိုအပ်မူမရှိအောင် ဂရုတစိုက် ကြည့်ရှု ဆောင်ရွက်ပေးကြပါသော ဝေယျာဝစ္စကုသိုလ်ရှင်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။ စာအုပ်စာတမ်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ပတ်သက်ပြီး အချိန်မှီ ကူညီပံ့ပိုးပေးကြတဲ့ ရုံးခန်းမှ ဆရာလေးနှင့် အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဘုရား။ ကျန်းမာရေးနှင့် ပတ်သက်ပြီး စောင့်ရှောက်ကူညီပေးတဲ့ ဆရာမကြီးများနှင့် ကုသပေးပါသော ကျန်းမာရေးဆရာမကြီးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ဘုရား။
တပည့်တော်တို့ အရင်က မသိရှိခဲ့ရတဲ့ ဗုဒ္ဓဝင်အကြောင်းတွေ သရဏဂုံ(၃)ပါးနှင့်တကွ ဂုဏ်တော်တွေ သီလတွေ၊ ကံ ကံ၏အကျိုး၊ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှုသင်ခန်းစာများကို ဒီသင်တန်းသို့ရောက်မှ သေချာသိခွင့် ရပါတယ်ဘုရား။ သင်ခန်းစာအသီးသီးကို ထိရောက်တဲ့ CCA သင်ကြားနည်းတွေကို လေ့လာ သိရှိခွင့်ရတဲ့အတွက် တန်းဖိုးမဖြတ်နိုင်လောက်အောင် ခံစားရပါတယ်ဘုရား။ သို့ဖြစ်ပါ၍ သင်ကြားပို့ချပေးသော ဦးဇင်းဘုရားများ ဆရာကြီး ဆရာမကြီးများနဲ့ ဆရာလေး တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဘုရား။ နေ့စဉ် နေ့တိုင်း နံနက်အရုဏ်မှစ၍ ညနေဖျော်ရည်အဆုံး ရက်ရှည်လှူဒါန်း ပေးကြသော အာဟာရ အလှူရှင်များ စာအုပ်စာတမ်းများ နှင့် စာရေးကိရိယာများကို လှူဒါန်းပေးသော အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ကြောင်း လျှောက်ထား အပ်ပါတယ်ဘုရား။

အပိုင်း(၅)
ဆွမ်းစားဆောင်နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အညီ သန့်ရှင်းသော အသီးအရွက်၊ သန့်ရှင်းသောဆီ၊ သန့်ရှင်းသော ရေများနှင့် ချက်ပြုတ်ထားသော အစာအာဟာရများကို စားချင်စဖွယ် ပြင်ဆင်ပေးထားပြီး သန့်ရှင်းတဲ့ဇွန်း၊ ပန်းကန်များကို သပ်ရပ်စွာနှင့် တည်ခင်းကျွေးမွေးသော ဆွမ်းစားဆောင်မှ ဝေယျာဝစ္စ ဆရာလေးများနှင့် အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ကြောင်း လျှောက်ထားအပ်ပါ တယ်ဘုရား။

အပိုင်း(၆)
ပျော်ဘွယ်မြို့ကဆရာကြီး ဦးမျိုးဝင်းရဲ့ ဓမ္မကျောင်းတော်သို့ ကျေးဇူးပန်ကြားလွှာကို ဖတ်ကြားလျှောက်ထားခွင့်ပြုပါဘုရား။
နေပြည်တော် ဒက္ခိဏ ရောက်ရှိကြပြီ
စိမ်းလန်းမြေတောင်ကုန်း ရယ်နဲ့အေးချမ်းပေ
ရန်ကင်းတောရ တွေ့ဆုံရပြီ။
အနစ်နာခံ စွန့်လွှတ်မယ်တဲ့၊
လူ့ပြည်ရွာ သာသနာတိုးစေဖို့ ၊
အမျိုးဆွေသဟာ ဒကာ၊ ဒကာအကျိုးငှာ၊
ဖွင့်လှစ်ပါတဲ့ ဓမ္မကျောင်းတော်။
ဆရာတော်၏ ဆန္ဒသဘော ၊
ရောက်လာကြ ဆွေသဟာ ၊
နွေးထွေးစွာ ကြိုဆိုပေးလို့
နေရေးကိုပေး မတွေးရ စားစရာ ပြည့်စုံစွာ
သင်ကြားရေး ဝမ်းမြောက်စွလေး။
မြတ်ဘုရား၏ သာသနာ အနှစ်ကို ရှာဖွေသိစေဖို့
တပည့် ဒါယကာအပေါင်းကိုလှ ဟောကြားရ ညစဉ်၊
ပီတိဝေဖြာ စိတ်မှာလေ ခံစားရပြီမို့
ကျေးဇူးရယ်အဖြာဖြာ တင်ပါ့သနော်။
ဆရာတော်ဘုရားရယ်နှင့် ရဟန်းဆရာ ဆရာမများရယ်မက
ဝေယျာကိုလုပ်သူတို့၊ ကျန်းမာ၍ ချမ်းသာပါစေရယ်လို့
မေတ္တာရည် ဖျန်းကာလောင်းလိုက်မည်၊ ကောင်းကြစေကြောင်း
ဒီလိုအဖက်ဖက်မှ လိုအပ်မှုမရှိအောင် ဆောင်ရွက်ပေးကြတဲ့အတွက် သင်တန်းကို အခက်အခဲမရှိ သင်ယူခဲ့ရပါတယ်ဘုရား။ ဒီလိုရတဲ့အွင့်အရေးကို အရယူပြီး အနယ်နယ်အရပ်ရပ်သို့ ပြန်ရောက်လျှင်လည်း ဓမ္မကျောင်းတော်များပြန်ဖွင့်နိုင်ပြီး အများအကျိုး နောင်အနာဂတ်ရဲ့ ကလေးငယ်များကို ရည်မှန်းချက်အပြည်ဖြင့် ကြိုးစားပြီး သင်းကြားသွားပေးပါမယ်ဟု ဂတိပြု လျှောက်ထားရင်း နိဂုံးချုပ်အပ်ပါတယ်ဘုရား။

cIMG_1277

IMG_1273

IMG_1271

No Comments Yet.

Leave a comment