ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

“ပျော်ဘွယ်မြို့နယ်ကို ဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာ အလှဆင်နေပါပြီ”

ေ (7)

ေ (5)

ေ (4)

ေ (3)
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ဓမ္မကျောင်းတော်များ ဖွင့်လှစ်နိုင်ရန်အတွက် ဆရာတော် သံဃာတော်များ၏ လမ်းညွှန်မှုကိုခံယူကာ အငြိမ်းစားမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ(၇)ဦးသည် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာသို့ သွားရောက်ကာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၉/၂၀၁၆)သို့ တက်ရောက်ခဲ့ကြပြီးဖြစ်ပါသည်။
ယခုအခါ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် တည်တံ့ပြန့်ပွားရေးမြို့နယ်ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး သာယာကုန်းကျောင်းတိုက်တွင် မြို့နယ်ရုံး ဖွင့်လှစ်ထားရှိပါသည်။ ဆက်လက်၍ မြို့နယ်ကော်မတီ၏ အစီအစဉ်ဖြင့် ဆင့်ပွားသင်တန်းများလည်း လစဉ်ပို့ချလျက်ရှိပါသည်။
ဧပြီလ(၁)ရက်နေ့အထိ သင်တန်းဆင်းပြီး ရဟန်းသံဃာ ဆရာ၊ ဆရာမစုစုပေါင်း (၈၁)ဦးရှိပြီး ရပ်ကွက်ကျေးရွာများတွင် ဓမ္မကျောင်းတော်စုစုပေါင်း (၅)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ရပ်ကွက်ကျေးရွာများ၏ တင်ပြထားချက်နှင့် မြို့နယ်၏ လိုအပ်ချက်အရ ကျောင်းပေါင်း(၄၀)ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ကော်မတီမှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ တဖက်တွင်လည်း နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် စာရေးဆရာဦးခင်မောင်နှင်း (ကျောက်ပန်းတောင်း)၊ ဓမ္မရောင်ခြည်ဖောင်ဒေးရှင်း ဦးလှမျိုးတို့မှလည်း ဓမ္မကျောင်းတော်များ အမြန်ဆုံး တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် အထူးအားပေး စောင့်ရှောက်လျှက်ရှိကြောင်း သိရှိရပါသည်။

No Comments Yet.

Leave a comment