ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ (၁၀) ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။

(ရှင်သာမဏေများကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ(၁၀)ရက်နေ့ထိ လည်းကောင်း၊ သီလရှင် များကို ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၅)ရက်နေ့ထိ လည်းကောင်း ဖွင့်လှစ်၍ သင်ကြားပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဖေဖော်ဝါရီလ (၁၅) ရက်မှ (၂၅) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၅) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ရောင်စုံခြယ်သ ပုံဆွဲပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား

အဆိုပါသင်တန်းဆင်းပွဲတွင် ရောင်စုံခြယ်သ ပုံပြဗုဒ္ဓ၀င်ပြိုင်ပွဲတွင် ဆုရကြသော ကလေးများအားဆုချီးမြှင့်ပွဲကိုလည်း တစ်ပြိုင်နက်တည်းကျင်းပခဲ့သည်။ ဆုပေးပွဲသို့ ကျောင်းသာများ၏မိဘများ လယ်ဝေးမြို့နယ်ကော်မတီမှတာဝန်ရှိသူများလည်းတတ်ရောက်ခဲ့ ကြပါသည်။ ဓမ္မကျောင်းတော်၏နာယကဆရာတော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်းအုပ်ကြီးမှ ရောင်စုံခြယ်သပုံပြဗုဒ္ဓ၀င်စာအုပ်အား မည်သို့အသုံးပြုရမည်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

 

No Comments Yet.

Leave a comment