ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၇)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တနင်္ဂနွေနေ့ညနေမှ ဇန်န၀ါရီလ(၁)ရက် အင်္ဂါနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါသဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် နှစ်ပတ်လည် အစည်းအဝေး ( ၂၀၁၆)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ (၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၆ ခု၊ ဒီဇင်ဘာလ (၄) ရက်၊ နံနက် (၀၈း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်ပေါင်း (၄၃) မြို့နယ်မှ ဆရာတော်၊ သံဃာတော်(၃၃၀)ပါး၊ သီလရှင်(၇)ပါး နှင့် ဓမ္မကျောင်းတော် ကိုယ်စားလှယ် (၁၃၆၃)ဦး၊ စုစုပေါင်း (၁၇၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

meeting

Dhamma Training Center

a (105) a (108)

ဆရာတော်ဘုရားများ၏ သြဝါဒကထာ မြွက်ကြားခြင်း

အခမ်းအနားကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် တောင်တွင်းကြီး၊ မင်္ဂလာတိုက်သစ်ဆရာတော်ထံပါးမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘုရားကြီးက သာရဏီယသြ၀ါဒကထာ မြွက်ကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁)၊ မှော်ဘီသာသနာ့ဝန်ဆောင် ဆရာတော်မှ သြ၀ါဒကထာ မိန့်ကြားခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) သြ၀ါဒါစရိယ၊ ဆပ်သွားမြို့၊ မဟာဂန္ဓာရုံဘုံကျော်ကျောင်း ဆရာတော်ဘုရားမှ နှစ်ပတ်လည် အစည်းအဝေး သြ၀ါဒကထာ မြွက်ကြားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟို) အတွင်းရေးမှူးဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မ ကျောင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေး ကော်မတီသြ၀ါဒါ စရိယ၊ နေပြည်တော် ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာနနှင့် ဒက္ခိဏ၊ ရန်အောင်မြင်တောရကျောင်း၏ ပဓာနနာယက ရန်ကင်းတောရဆရာ တော်မှ နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း မြွက်ကြားခဲ့ပါသည်။

a (124) IMG_2789 IMG_2803ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင် ပေးပို့သော သာသနာရေးဆိုင်ရာများ လျှေက်ထားခြင်းကို နေပြည်တော် သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးမှ လျှောက်ထားဖတ်ကြားခဲ့ပါသည်။

IMG_2841နှစ်ပတ်လည် အစည်းအဝေးကြီးမှ ဆုံးဖြတ်သောအချက်များကို သဘာပတိ ဆရာတော်များမှ မော်ကွန်းမှတ်တမ်းတင် လက်မှတ်ရေးထိုးကြပါသည်။

a (118) a (117) a (114)

အ​တည်​ပြု​ခြင်း (၁)​ရပ်

ဓ​မ္မ​ကျောင်း​တော် ​နှစ်​ပတ်​လည်​အ​စည်း​အ​ဝေး (၂၀၁၆) ​အား ​ကြီး​ကြပ်​ကွပ်​ကဲ​ရန် ​အောက်​ဖော်​ပြ​ပါ ​အ​စည်း​အ​ဝေး ​သ​ဘာ​ပ​တိ​ဆ​ရာ​တော် (၁၁)​ပါး​အား ​ရွေး​ချယ်​တင်​မြှောက်​ခြင်း​ကို ​အ​တည်​ပြု​သည်။

(၁)   ​လယ်​ဝေး​မြို့​နယ်၊ ​ဓ​မ္မ​ကျောင်း​တော် ​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​သြ​ဝါ​ဒါ​စ​ရိ​ယ ​တောင်​စဉ်​အေး​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​ပ​ညိ​န္ဒ

(၂)   ​မ​ကွေး​တိုင်း​ဒေ​သ​ကြီး၊ ​ဓ​မ္မ​ကျောင်း​တော် ​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​သြ​ဝါ​ဒါ​စ​ရိ​ယ ​မြို့​သစ်​မြို့၊ ​ဓ​မ္မ​သိမ်​ကျောင်း​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​သံဝ​ရ

(၃)   ​လွိုင်​ကော်​မြို့​နယ်၊ ​သံ​ဃ​နာ​ယ​က ​ဥ​က္က​ဋ္ဌ​ဆ​ရာ​တော်၊ ​အ​ဂ္ဂ​မ​ဟာ​သဒ်​ဓ​မ္မ​ဇော​တိ​က​ဓ​ဇ ​မ​င်္ဂ​လာ​ဟော်​ကြီး​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​စ​န္ဒိ​မာ

(၄)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​ဆတ်​သွား ​ဂန္ဓာ​ရုံ​ဘုံ​ကျော်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​ဝိ​လာ​သ

(၅)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​မ​ဟာ​ဝိ​သုဒ်​ဓါ​ရုံ၊ ​ရွေ​ကျှင်​တိုက်​သစ်​ဆ​ရာ​တော်၊ ​တိုက်​အုပ်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​သီ​ရိ​က​ဉ္စ​နာ​ဘိဝံ​သ

(၆)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​မှော်​ဘီ​သာ​သ​နာ့​ဝန်​ဆောင်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​စ​န္ဒ​သိ​ရီ

(၇)   ​မ​ကွေး​တိုင်း​ဒေ​သ​ကြီး၊ ​ဓ​မ္မ​ကျောင်း​တော် ​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​သြ​ဝါ​ဒါ​စ​ရိ​ယ ​ပွင့်​ဖြူ​မြို့​နယ် ​အင်းကြင်းမြိုင်တောရ ​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​နိ​မ​လ

(၈)   ​မ​ကွေး​တိုင်း​ဒေ​သ​ကြီး၊ ​ဓ​မ္မ​ကျောင်း​တော် ​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​ဥ​က္က​ဋ္ဌ၊ ​မ​ကွေး​မြို့ ​မ​ဟာ​ဝိ​သု​တာ​ရာ​မ​တိုက်​သစ်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​တေ​ဇိ​န္ဒ

(၉ )  ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​တောင်​တွင်း​ကြီး​မြို့ ​သီ​ရိ​မ​င်္ဂ​လာ​တိုက်​သစ်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ ​ပ​ညာ​ဝု​ဓ

(၁၀)​မင်း​ကင်း​မြို့​နယ်၊ ​ဓ​မ္မ​ကျောင်း​တော် ​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​ဥ​က္က​ဋ္ဌ၊ ​ပ​ဇ္ဇော​တာ​ရုံ ​တိုက်​သစ်​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​ခ​န္တီ​သာ​ရ

(၁၁)​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​အ​ဖွဲ့ (​ဗ​ဟို) ​အ​တွင်း​ရေး​မှူး ​ဆ​ရာ​တော်၊ ​နေ​ပြည်​တော်​ယဉ်​ကျေး​လိ​မ္မာ​စင်​တာ၊ ​ဓ​မ္မ​ကျောင်း​တော်​ဖြစ်​မြောက်​ရေး​နှင့် ​ထွန်း​ကား​ပြန့်​ပွား​ရေး​ကော်​မ​တီ ​သြ​ဝါ​ဒါ​စ​ရိ​ယ ​ရန်​ကင်း​တော​ရ​ဆ​ရာ​တော် ​ဘ​ဒ္ဒ​န္တ​ခေ​မာ​န​န္ဒ

မှတ်​တမ်း​တင်​ခြင်း (၇) ​ရပ်

(၁)   ​နိုင်​ငံ​တော်​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​အ​ဘိ​ဓ​ဇ​မ​ဟာ​ရ​ဋ္ဌ​ဂု​ရု၊ ​အ​ဂ္ဂ​မ​ဟာ​ပ​ဏ္ဍိ​တ၊ ​အ​ဂ္ဂ​မ​ဟာ​ဂ​န္ထ​ဝါ​စ​က ​ပ​ဏ္ဍိ​တ၊ ​မ​ဟာ​ဝိ​သု​တာ​ရာ​မ ​ဈေး​ကုန်း ​ကျောင်း​တိုက်​၏ ​ဦး​စီး​ပ​ဓာ​န​နာ​ယ​က ​ဆ​ရာ​တော် ​ဘု​ရား​ကြီး​၏ ​သာ​ရ​ဏီ​ယ ​သြ​ဝါ​ဒါ​က​ထာ​ကို ​ဤ​နှစ်​ပတ်​လည် ​အ​စည်း​အ​ဝေး​ကြီး​က ​ကောင်း​မွန်​စွာ ​မှတ်​တမ်း​တင်​ပြီး ​လေး​စား​စွာ​ခံ​ယူ​၍ ​ဦး​ထိပ်​ပန်​ဆင်​ကာ ​လုပ်​ငန်း​လမ်း​ညွ​နှ် ​အ​ဖြစ် ​ခံ​ယူ​ကျင့်​သုံး​ဆောင်​ရွက်​ရန်။

(၂)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး ​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​မှော်​ဘီ​သာ​သ​နာ့​ဝန်​ဆောင်​ဆ​ရာ​တော်​၏ ​သြ​ဝါ​ဒ​က​ထာ​ကို ​ဤ​နှစ်​ပတ်​လည် ​အ​စည်း​အ​ဝေး ​ကြီး​က ​ကောင်း​မွန်​စွာ ​မှတ်​တမ်း​တင်​ပြီး ​လေး​စား​စွာ​ခံ​ယူ​၍ ​ဦး​ထိပ်​ပန်​ဆင်​ကာ ​လုပ်​ငန်း ​လမ်း​ညွ​နှ်​အ​ဖြစ် ​ခံ​ယူ​ကျင့်​သုံး​ဆောင်​ရွက်​ရန်။

(၃)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ(၁)၊ ​သြ​ဝါ​ဒါ​စ​ရိ​ယ၊ ​တောင်​တွင်း​ကြီး​မြို့​နယ်၊ ​ဆတ်​သွား​မြို့၊ ​ဂန္ဓာ​ရုံ​ဘုံ​ကျော်​ဆ​ရာ​တော်​၏ ​သြ​ဝါ​ဒ​က​ထာ​ကို ​ဤ​နှစ်​ပတ်​လည် ​အ​စည်း​အ​ဝေး​ကြီး​က ​ကောင်း​မွန်​စွာ ​မှတ်​တမ်း​တင်​ပြီး ​လေး​စား​စွာ​ခံ​ယူ​၍ ​ဦး​ထိပ်​ပန်​ဆင်​ကာ ​လုပ်​ငန်း​လမ်း​ညွ​နှ်​အ​ဖြစ် ​ခံ​ယူ​ကျင့်​သုံး​ဆောင်​ရွက်​ရန်။

(၄)   ​နေ​ပြည်​တော်​ကောင်​စီ​ဥ​က္က​ဋ္ဌ၊ ​နေ​ပြည်​တော်​မြို့​တော်​ဝန်​ကိုယ်​စား နေပြည်တော် သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးမှ ​လျှောက်​ထား​သည့် ​သာ​သ​နာ​ရေး​ရာ ​လျှောက်​ထား​လွှာ​ကို ​မှတ်​တမ်း​တင်​ရန်။

(၅)   ​မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ဗုဒ်​ဓ​ဘာ​သာ​ယဉ်​ကျေး​လိ​မ္မာ​ပြန့်​ပွား​ရေး​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)၊ ​နေ​ပြည်​တော် ​ယဉ်​ကျေး​လိ​မ္မာ​စင်​တာ​၏ (၂၀၁၆) ​ခု​နှစ် ​လုပ်​ငန်း ​ဆောင်​ရွက်​တိုး​တက်​မှု ​အ​စီ​ရင်​ခံ​စာ​ကို ​မှတ်​တမ်း​တင်​ရန်။

(၆)   ​အ​လင်း​ပြ​ကြယ် ​ဓ​မ္မ​ကျောင်း​တော် ​သင်​ကြား​ရေး​အ​ဖွဲ့​က ​တင်​သွင်း​သော ​လုပ်​ငန်း​ဆောင် ​ရွက်​မှု ​အ​စီ​ရင်​ခံ​စာ​ကို ​မှတ်​တမ်း​တင်​ရန်။

(၇)   ​မြို့​နယ်​အ​သီး​သီး၊ ​ဓ​မ္မ​ကျောင်း​တော် ​အ​သီး​သီး​နှင့် ​လူ​ပု​ဂ္ဂိုလ်​အ​သီး​သီး​တို့​က ​ပြု​စုတင်​ပြလာ​သော ​စာ​တမ်း (၇၆)​စောင်​ကို ​မှတ်​တမ်း​တင်​ရန်။

 ရှေ့​လုပ်​ငန်း​စဉ် (၈) ​ရပ်

(၁)   ​ဓ​မ္မ​ကျောင်း​တော် ​ဆ​ရာ၊ ​ဆ​ရာ​မ​များ ​အ​ရည်​အ​သွေး​မြှင့်​တင်​ရေး ​အ​စီ​အ​စဉ်​အ​ဖြစ်   ​မွမ်း​မံ​သင်​တန်း​များ၊ ​အ​လုပ်​ရုံ ​ဆွေး​နွေး​ပွဲ​များ​ကို ​မြို့​နယ်​အ​ဆင့်​များ​တွင် ​ကျင်း​ပ​ပေး​ရန်၊

(၂)   ​ဓ​မ္မ​ကျောင်း​တော်​များ ​ရေ​ရှည်​တည်​တံ့​ရေး​အ​တွက် ​ဒေ​သ​အ​လိုက် ​ပေါ်​ထွန်း​လာ​သော ​လူ​မှု​ကူ​ညီ​ရေး ​အ​သင်း​အ​ဖွဲ့​များ​နှင့် ​ချိတ်​ဆက်​ဆောင်​ရွက်​ရန်၊

(၃)   ​မြို့​နယ်​အ​သီး​သီး​ရှိ ​ကိုယ်​ပိုင်​အ​ထက်​တန်း​ကျောင်း​များ၊ ​ဘော်​ဒါ​ဆောင်​များ​နှင့် ​အ​စိုး​ရ ​အ​ခြေ​ခံ​ပ​ညာ ​ကျောင်း​များ​တွင် ​ကျောင်း​စာ​သင်​ချိန်​ကို ​မ​ထိ​ခိုက်​စေ​ဘဲ ​အ​ချိန်​ပိုင်း ​ယဉ်​ကျေး ​လိ​မ္မာ​သင်​ခန်း​စာ​များ ​ပို့​ချ​နိုင်​ရေး၊ ​သက်​ဆိုင်​ရာ ​ကျောင်း​အုပ်​ကြီး​များ၊ ​ဘော်​ဒါ​အုပ်​များ​နှင့် ​ညှိ​နှိုင်း​ဆောင်​ရွက်​ရန်၊

(၄)   ​ဆ​ရာ​ဖြစ်​သင်​တန်း​၏ ​သင်​ခန်း​စာ​များ​ကို ​အင်​တာ​နက်​မှာ ​လေ့​လာ​နိုင်​ရန်​အ​တွက် ​On line Training Centern​တစ်​ခု ​ဖွင့်​လှစ်​နိုင်​ရေး ​ကြို​ပမ်း​ဆောင်​ရွက်​ရန်၊

(၅)   ​ရေ​ရှည်​အ​တွက် ​ရည်​မှန်း​၍ ​အ​ရည်​အ​ချင်း​ပြည့် ​နည်း​ပြ​ကြီး​များ ​မွေး​ထုတ်​သည့် Top Level ​သင်​တန်း​ကို (၆)​လ​တစ်​ကြိမ် ​ဖွင့်​လှစ်​ရန်၊

(၆)   ​ဓ​မ္မ​ကျောင်း​တော်​တွင် ​ယဉ်​ကျေး​လိ​မ္မာ ​ပ​ညာ​သင်​ကြား​နေ​ကြ​သော ​က​လေး​သူ​ငယ် ​များ​အား ​တစ်​နှစ်​ပတ်​လုံး ​စာ​သင်​ချိန်​၏ ​ကျောင်း​ခေါ်​ကြိမ် ​အ​နည်း​ဆုံး (၄၀%) ​ပြည့်​မီ​ပါ​က ​ဗ​ဟို​အ​ဖွဲ့​ခွဲ (၁)​က ​တက်​ရောက်​သင်​ကြား​မှု ​ပြီး​စီး​ကြောင်း ​အ​သိ​အ​မှတ်​ပြု​လွှာ (Completion Certificate) ​ပေး​အပ်​ချီး​မြှင့်​မည် ​ဖြစ်​သည့်​အ​တွက် ​ဓ​မ္မ​ကျောင်း​တော် ​အ​သီး​သီး​မှ ​တာ​ဝန်​ခံ ​ဆ​ရာ၊ ​ဆ​ရာ​မ​များ​က ​ကျောင်း​သား/​သူ ​တစ်​ဦး​ချင်း​၏ ​ကျောင်း​ခေါ်​ကြိမ် ​စာ​ရင်း​ချုပ်​ကို ​ပြု​စု​ပြီး၊၂၀၁၈​ခု​နှစ် ​ဇန်​န​ဝါ​ရီ​လ (၃၁)​ရက်​နေ့ ​ထက် ​နောက်​မ​ကျ​စေ​ဘဲ ​နေ​ပြည်​တော် ​ယဉ်​ကျေး​လိ​မ္မာ​စင်​တာ​သို့ ​ပေး​ပို့​ရန်၊

(၇)   ​နေ​ပြည်​တော်​ယဉ်​ကျေး​လိ​မ္မာ​စင်​တာ​မှ ​အ​မှု​ဆောင်​ကော်​မ​တီ​ဝင်​များ၊ ​ဆ​ရာ​ကြီး၊ ​ဆ​ရာ​မ​ကြီး ​များ​သည် ​မြို့​နယ်​များ​သို့ ​သွား​ရောက်​၍ ​မြို့​နယ်​အ​မှု​ဆောင် ​ကော်​မ​တီ​ဝင်​များ၊ ​သင်​ကြား​ရေး​ဆ​ရာ၊ ​ဆ​ရာ​မ​များ​နှင့် ​တစ်​နှစ်​လျှင် ​အ​နည်း​ဆုံး (၂)​ကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ရန်၊

(၈)   ​မြို့​နယ်​ကြီး​ကြပ်​မှု ​အ​မှု​ဆောင်​ကော်​မ​တီ​များ​သည် ​ကျေး​ရွာ​အ​လိုက် ​ဖွင့်​လှစ်​ထား​သော ​ဓ​မ္မ​ကျောင်း​တော်​များ​နှင့် ​တွဲ​ဖက်​၍ ​စာ​ကြည့်​တိုက်​များ ​ထူ​ထောင် ​ဖွင့်​လှစ်​ရေး ​ကြိုး​ပမ်း ​ဆောင်​ရွက်​ရန်၊

လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း

ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

IMG_2910  ကျေးဇူးတင်စကား ဖတ်ကြားခြင်း

နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်များမှ ပေးပို့လာသည့် ဓါတ်ပုံများအတွက် သြ၀ါဒါစရိယဆရာတော်၏ ကျေးဇူးတင်စကားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ဝင် ဆရာတော် ဦးစန္ဒိမာ မှ ဖတ်ကြားခဲ့ပါသည်။

IMG_2857  ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံ၊ တိုက်သစ်တိုက်အုပ်ဆရာတော်မှ ရေစက်ချ တရားတော်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ပူဇော်၍ ရုတ်သိမ်းခဲ့ပါသည်။

a (91) a (95)

No Comments Yet.

Leave a comment