ပြင်ဦးလွင်မြို့နယ်တွင် ဓမ္မကျောင်းတော် ဆရာ/မ မွမ်းမံသင်တန်း အမှတ်စဉ် (၁၁) ကို ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာ၊ စိန်သုခ ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာလ (၁၈) မှ (၂၅)ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
သင်တန်းသို့ သံဃာတော် (၂)ပါး၊ သီလရှင် (၂)ပါး၊ ဆရာ (၁၁)ဦး၊ နှင့် ဆရာမ (၆၀)ဦး၊
သင်တန်းသားစုစုပေါင်း – ၇၅ ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်းသိရှိရပါသည်။