ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ်သုံးရက်
ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၈)ကို ဖွင့်လှစ်ပါမည်။
သင်တန်းကာလ-
၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်သောကြာနေ့မှ ဇန်န၀ါရီလ(၁၃)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါ သဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ သာသနာပြု လုပ်ငန်းများနှင့် တိုက်ဆိုင်နေပါသဖြင့် အမှတ်စဉ် (၁၄၈) နှစ်ညအိပ် သုံးရက်တရားစခန်းကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလ (၁၁) (၁၂) (၁၃)သို့ ပြောင်း၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ပြည့်မွန်မွန်သက်၏ ရင်တွင်းစကားသံ(၂)

မပြည့်မွန်မွန်သက် (ခ) ပြည့်ပြည့်၏ ရင်တွင်းစကားသံ (၂)

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

“မိမိဘ၀တိုးတက်ချင်ရင် အလုပ်ကို ကြိုးစားပါ။ မိမိအလုပ်လို့ သဘောထားပြီးလုပ်ပါ။ သခင်စိတ်နဲ့ လုပ်ပါ။ အလုပ်သမားစိတ် ကျေးကျွန်စိတ် မမွေးပါနဲ့’’ဆိုတဲ့ အဆုံးအမကို ကျွန်မ တော်တော် အံ့သြခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အရင်ကဆို အလုပ်လုပ်ရင် ပြီးသွားရင် ပြီးတာပဲဆိုတဲ့စိတ်နဲ့ လုပ်ခဲ့ပါတယ်။ အလုပ်သမား စိတ်ဓာတ်နဲ့ပေါ့ရှင်။ အလုပ်ကိုလေးစားတယ်ဆိုတာလည်း သူများပြောတာပဲ ကြားဖူးခဲ့ပါတယ်။ အခု ဒီရန်ကင်းတောရရောက်တော့ ဒီအလုပ်သာ ငါ့ကိုယ့်ပိုင်အလုပ်ဆိုရင် ဆိုတဲ့ အလုပ်ရှင်စိတ်ဓာတ် မွေးတတ် လာပါတယ်ရှင်။ကျောင်းရဲ့ ဝေယျာဝစ္စတွေကိုလည်း လေးလေးစားစားနဲ့ လုပ်တတ်လာပါတယ်ရှင်။

တာဝန်ကျေပွန်တဲ့ အတွက် လူမှုဆက်ဆံရေးပိုင်းမှာ အဆင်ပြေလာပါတယ်ရှင်။ ဆက်ဆံရေးတွေ အဆင်ပြေတဲ့အတွက် စိတ်ချမ်းသာလာပါတယ်။

တပည့်တော် အရင်ကဆို စိတ်ဆိုး စိတ်တိုလွယ်ပါတယ်။ သည်းခံတယ်ဆိုတာ မရှိသလောက်ကို  နည်းပါတယ်ရှင်။ အခုဆို သည်းခံတတ်နေပါပြီရှင်။  ဘ၀ရဲ့ရည်မှန်းချက်ဆိုတာကိုလည်း နားလည်လာ ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိရှိ နေတတ်လာပါတယ်ရှင်။

အားလုံးကိုလေးစားစွာဖြင့်

ပြည့်မွန်မွန်သက် First Year (Eng)

ကပ္ပိယရင်တွင်းစကားသံ

Dhamma Training Center

Comments are closed.