ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ ပထမအကြိမ် အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခြင်း

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ အလုပ်အမှုဆောင် အစည်းအဝေးကို (ကောဇာ) ၁၃၈၀ – ပြည့်၊ ပထမ၀ါဆိုလဆန်း (၁၄)ရက်၊ (ခရစ်) ၂၀၁၈ – ခုနှစ်၊ ဇွန်လ (၂၆)ရက်၊ အင်္ဂါနေ့၊ နံနက် ၈း၀၀ – နာရီတွင် မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ကျောင်းတိုက်၊ တိပိဋကတ်တိုက် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲတွင် အသင်း၏ နာယကဆရာတော်များ၊ ပဓာနဦးဆောင် ဆရာတော်များ၊ စာမေးပွဲဆိုင်ရာ အလုပ်အမှုဆောင် ဆရာတော်များ၊ စာချဆရာတော်များနှင့် အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်တို့က အဘိဝိနယာစရိယ စာမေးပွဲဆိုင်ရာ မူဝါဒများကို ဆွေးနွေး တိုင်ပင် ညှိနှိုင်းခဲ့ကြပါသည်။

၎င်း အဘိဝိနယာစရိယစာမေးပွဲကို ၁၃၈၁-ခု၊ ၀ါဆိုလဆန်း (၁)ရက်နေ့တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Comments are closed.