ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ နေပြည်တော်ယဉ်ကျေးလိမ္မာ စင်တာတွင် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၅/၂၀၁၅)ကို ဖွင့်လှစ်ပို့ချပါမည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ နေပြည်တော်ယဉ်ကျေးလိမ္မာ စင်တာတွင် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၅/၂၀၁၅)ကို ဖွင့်လှစ်ပို့ချပါမည်။
၎င်းသင်တန်းကို(၂၀၁၅)ခု ဇူလိုင်လ(၂)ရက်(ကြာသပတေး)နေ့မှစ၍ ဇူလိုင်လ(၁၂)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် သင်ကြားပို့ချမည်ဖြစ်ပါသည်။
ရန်ကင်းတောရ ဓမ္မကျောင်းတော်သင်တန်းသို့ စတင်ရောက်ရှိသည့်နေ့မှစ၍ ဘေးရန်အပေါင်း ကင်းဝေးပြီး ဓမ္မကျောင်းတော်သင်ကြားနည်းစနစ်(CCA)၊ ဗုဒ္ဓဘာသာအခြေခံအကြောင်းအရာများ၊ စိတ်ထား ပြုပြင်ပြောင်လဲရေးများ၊ ဓမ္မကျောင်းတော် စီမံခန့်ခွဲမှုများ၊ (မြို့နယ်/ကျေးရွာကော်မတီ)နှင့် အထွေထွေ ဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းကို တက်ရောက်ခြင်းဖြင့် စိတ်ဓာတ်အသိအမြင်များ တိုးတက်လာသည်ကိုလည်း သင်တန်းတက်ဖူးသည့် သင်တန်းသားတိုင်းအသိဖြစ်ပါသည်။
ဤသင်တန်းသို့တက်ရောက်လာသူ သင်တန်းသား သင်တန်းသူများကို ရန်ကင်းတောရ ဓမ္မကျောင်းတော်မှ နွေးထွေးစွာဖြင့် ကြိုဆိုလျှက်ရှိပါသည်။ သင်တန်းသို့ တက်ရောက်ရန်လည်း ဖိတ်ခေါ် အပ်ပါသည်။ ဆက်သွယ်ရန်….. 09797303021 , 098304446 .နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ(သပြေပင်)။

No Comments Yet.

Leave a comment