ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟိုခွဲ-၁) ၌ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟိုခွဲ-၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၀၁း၀၀) နာရီအချိန်၌ ဓမ္မကျောင်းတော် ရေရှည်တည်တံ့ ပြန့်ပွားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော် ရန်ကင်းတောရဆရာတော်နှင့် သံဃာတော်များ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ဓမ္မကျောင်းတော် ရေရှည်တည်တံ့ပြန့်ပွားရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို မြတ်စွာဘုရားရှင်အား “နမောတသဿ မဟာပဏာမ”f (13)f (11)f (7)f (6) ဘုရားရှိခိုး (၃)ကြိမ်ရွတ်ဆို ကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး သြဝါဒါစရိယ ရန်ကင်းတောရဆရာတော်မှ အဖွင့်သြဝါဒ စကားမိန့်ကြားတော်မူခဲ့ပါသည်။ ထို့နောက် ဆရာကြီးဦးအောင်မြင့် ( မြို့နယ်ပညာရေးမူး-ငြိမ်း ) ၊ ဒေါက်တာပေါ်မြင့်ဦး(ဘိုဆေးရုံပိုင်ရှင်) နှင့် ဦးမောင်မောင်(လက်ထောက်ပညာရေးမှူး-ငြိမ်း)နှင့် ဒေါ်သူဇာခိုင်တို့မှ ဓမ္မကျောင်းတော်များ၏ ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားရေးဆိုင်ရာ လက်ရှိကြုံတွေ့နေရသည့်အခြေအနေများနှင့် ပြန့်ပွားရေးဆောင်ရွက်နိုင်မူအခြေအနေ တို့ကို အကျယ်တ၀င့် တင်ပြ လျှောက်ထားခဲ့ကြပါသည်။
ထို့နောက် မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာက်ာမတီများင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂၆)ရက်နေ့နှင့်(၂၇)ရက်နေ့များတွင်ကျင်းပရန် ဆုံးဖြတ်ကာ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။

No Comments Yet.

Leave a comment