ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ (ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန)၏ ၀ိပဿနာတရားစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်။
(၁) အပတ်စဉ် (၁၃၈)ဇွန်လတရားစခန်းကို ၂၀၁၈ခုနှစ် ဇွန်လ(၁၄)ရက် ကြာသပတေးနေ့မှ ဇွန်လ (၂၄)ရက်တနင်္ဂနွေနေ့ထိလည်းကောင်း
(၂) အပတ်စဉ် (၁၃၉)ဇူလိုင်လယောဂီဟောင်းတရားစခန်းကို ၂၀၁၈ခုနှစ် ဇူလိုင်လ (၁၉)ရက် ကြာသပတေးနေ့မှ (၂၉)ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
(၃) အပတ်စဉ် (၁၄၀)သြဂုတ်လတရားစခန်းကို ၂၀၁၈ခုနှစ် သြဂုတ်လ (၁၆)ရက် ကြာသပတေးနေ့မှ (၂၆)ရက်တနင်္ဂနွေနေ့ထိဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို)၏ ပဉ္စမ အကြိမ်မြောက် ယဉ်ကျေးလိမ္မာညီလာခံကို လွိုင်ကော်၌ ကျင်းပရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို)၏ ပဉ္စမ အကြိမ်မြောက် ယဉ်ကျေးလိမ္မာညီလာခံကို လွိုင်ကော်၌ ကျင်းပရေးအတွက် ၁၆.၂.၂၀၁၇ နေ၌ ကျင်းပသော လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ

Meeting.16.2.2017

Dhamma Training Center

ဆုံးဖြတ်ချက်(၁)

ညီလာခံကျင်းပမည့်ရက်ကို ကဆုန်လပြည့်ကျော် ၃ ရက်နှင့် ၄ ရက်၊ စနေနေ့ နှင့် တနင်္ဂနွေနေ့(၂၀၁၇ခု၊ မေလ-၁၃ ရက်နေ့ နှင့် ၁၄ရက်) တို့တွင် ကျင်းပရန် ဆုံးဖြတ် ပါသည်။

ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များသည် (ကဆုန်လပြည့်ကျော်-၂ ရက်၊ သောကြာနေ့) (၂၀၁၇ခုနှစ် မေလ-၁၂ ရက်) ညနေ (၄း၀၀)နာရီအရောက် လွိုင်ကော်မြို့၌ ယာယီဖွင့်လှစ်ထားမည့် ညီလာခံကျင်းပရေးရုံး၌ သတင်းပို့ရန် ဆုံးဖြတ်ပါသည်။

ဆုံးဖြတ်ချက်(၂)

ညီလာခံကျင်းပမည့်နေရာကိုကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရန် ဆုံးဖြတ်ပါသည်။

ဆုံးဖြတ်ချက်(၃)

ညီလာခံကျင်းပရေးလွိုင်ကော်စီမံချက်ကို အောက်ပါအတိုင်းဆုံးဖြတ်၊ အတည်ပြုပါ သည်။

(၃-က) ညီလာခံကျင်းပရေးဦးစီးကော်မတီ

(၃-ခ) ညီလာခံကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ

(၃-ဂ) ညီလာခံကျင်းပရေးကော်မတီ

(၃-ဃ) ညီလာခံအခမ်းအနား ပြင်ဆင်ရေးကော်မတီ

(၃-င) စာတမ်းစစ်ဆေးရေးနှင့် သုတေသနကော်မတီ

(၃-စ) ဖိတ်ကြားရေးကော်မတီ

(၃-ဆ) တည်းခိုရေးနှင့် ကြိုဆိုနေရာချထားရေးကော်မတီ

(၃-ဇ) သယ်ယူပို့ဆောင်ရေးကော်မတီ

(၃-ဈ) ဧည့်ခံကျွေးမွေးရေးကော်မတီ

(၃-ည) ပြပွဲကျင်းပရေးကော်မတီ

(၃-ဋ) သတင်းပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ

(၃-ဌ) ကျန်းမာရေးကော်မတီ

(၃-ဍ)လုံခြုံရေးကော်မတီတို့ဖြစ်ပါသည်။

ဆုံးဖြတ်ချက်(၄)

ညီလာခံကျင်းပရေးဦးစီးကော်မတီ ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌဟိတဓရဆရာတော် က လုပ်ငန်းကော်မတီအသီးသီး၏ ဆောင်ရွက်ချက်များကို ကြည့်ရှု စစ်ဆေး လမ်းညွှန်ပေးရန်နှင့် အခမ်းအနားကျင်းပမည့်ရက် မတိုင်မီ တစ်ပတ်အလိုတွင် ကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုကိုအပြီးသတ် စစ်ဆေးပေးရန် ဆုံးဖြတ် ကြပါသည်။

ဆုံးဖြတ်ချက်(၅)

ညီလာခံကျင်းပရေးရုံးခန်းကို ဒုတိယဥက္ကဌဟိတဓရဆရာတော်မှ အချိန်မီ တာဝန်ခွဲဝေ ပေးအပ်ကာ ဆောင်ရွက်ရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၆)

ဖိတ်စာကိုအတွင်းရေးမှူးဆရာတော် နေပြည်တော် ရန်ကင်းဆရာတော်မှ ၂၀၁၇ခု၊ မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ အပြီးဆောင်ရွက်ပေးရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၇)

အခမ်းအနားအစီအစဉ်ကို အတွင်းရေးမှူးဆရာတော် နေပြည်တော် ရန်ကင်း ဆရာတော်မှ ရေးဆွဲပြီး ဆရာတော်များထံတင်ပြ၍ အချိန်မီအတည်ပြုရန် ဆုံးဖြတ် ကြပါသည်။

ဆုံးဖြတ်ချက်(၈)

သြ၀ါဒစာတမ်းများ၊ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာများ ကိုအတွင်းရေးမှူး ဆရာတော် နေပြည်တော် ရန်ကင်းတောရဆရာတော်မှ အချိန်မီ ရေးသားပြုစုပြီး စာချောထုတ်ရန် ဆုံးဖြတ်ကြပါသည်။

 ဆုံးဖြတ်ချက်(၉)

ညီလာခံနှင့် စပ်လျဉ်း၍ သိသင့်ရာရာရေးသားထားသည့် လက်ကမ်းစာစောင်များကိုစာရေးဆရာဦးအောင်ကျော်ဆန်းနှင့် ဦးလှမျိုး (ဓမ္မရောင်ခြည်)တို့မှအချိန်နှင့်တပြေးညီ ရေးသားထုတ်ဝေပေးရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၁၀)

စာနယ်ဇင်းပုဂ္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များကို စာရေးဆရာဦးအောင်ကျော်ဆန်းနှင့် ဦးလှမျိုး (ဓမ္မရောင်ခြည်)တို့မှ တာဝန်ယူ၍ ဖိတ်ကြားပေးရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၁၁)

မီဒီယာများမှညီလာခံနှင့်စပ်လျဉ်း၍ ကြိုတင်ကြေငြာရန်၊ သတင်းများ ထုတ်ပြန်ရန်အတွက် စာရေးဆရာဦးအောင်ကျော်ဆန်းနှင့် ဦးလှမျိုး (ဓမ္မရောင်ခြည်) တို့မှ ဆောင်ရွက်ရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၁၂)

ညီလာခံတွင်တင်သွင်းသည့် စာတမ်းများကိုဟိတဓရ၊ ဓမ္မရံသီ၊ ဓမ္မရောင်ခြည်၊ ပါရမီ၊ ဓမ္မကျောင်းတော်တို့က ဦးဆောင်ရေးသားပြီးဗဟိုရုံး (နေပြည်တော်)သို့ ၂၀၁၇ခု ဧပြီလ(၂၅)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပါရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၁၃)

ညီလာခံပြခန်းအတွက် ဟိတဓရ၊ ဓမ္မရံသီ၊ ဓမ္မရောင်ခြည်၊ ပါရမီ၊ ဓမ္မကျောင်းတော်စသည့် ဌာနအသီးသီးတို့က တစ်ဌာနလျှင် ဓာတ်ပုံပေါင်း (၁၀၀) A4 Size အရွယ်ကိုပလတ်စတစ်လောင်း၍ ညီလာခံမတိုင်မီ မေလ (၁)ရက်နေ့၊ နောက်ဆုံး ထား၍ ပြပွဲကျင်းပရေးကော်မတီသို့ ဆက်သွယ် ပေးပို့ရန် ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်(၁၄)

လုံခြုံရေးကို ပြည်နယ်အစိုးရအဖွဲ့ နှင့် ကြိုတင်ညှိနှိုင်းပြီးဆောင်ရွက်ရန် ဆုံးဖြတ် ကြပါသည်။

Comments are closed.