ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၃/၂၀၁၅)ကို ဖွင့်လှစ်ပို့ချမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၃/၂၀၁၅)ကို (၂၁၀၅)ခု မေလ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဤသင်တန်းသည် လူဦးရေကန့်သတ်ထားပါသဖြင့် မိမိတို့ဘက်မှ ကြိုတင်စာရင်းပေးရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းရှိ လူငယ်မောင်မယ်များအားလုံးကို မြတ်ဗုဒ္ဓ၏ ဓမ္မစာပေများ သင်ကြားပေးရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမကောင်းများ များစွာလိုအပ်လှပါသည်။ ထိုကဲ့သို အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများက လူငယ်များနှလုံးသားထဲ ဘုရားတည်ရန်အတွက် ဗုဒ္ဓစာပေများကို သင်ကြား ပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများသင်ကြားပေးမည့် ဆရာ၊ ဆရာမများကို မွေးထုတ်ပေးနေသော ဆရာ၊ ဆရာမနည်းပြဆရာဖြစ်သင်တန်းဌာန(ရန်ကင်းတောရ)သို့ တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။ တက်ရောက်လိုသူများ ဖုန်း-၀၉၇၉၇၃၀၃၀၂၁၊ ၀၉၈၃၀၄၄၄၆ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

No Comments Yet.

Leave a comment