မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၏
ပဉ္စမအကြိမ်မြောက် ယဉ်ကျေးလိမ္မာ ညီလာခံကြီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ညီလာခံကျင်းပမည့်နေ့ရက်
- ၂၀၁၇ ခု၊ မေလ(၁၃) ရက်၊ စနေနေ့ နှင့် မေလ (၁၄)ရက် တနင်္ဂနွေနေ့။
ညီလာခံကျင်းပမည့်နေရာ
သာသနာ့ဗိမာန်တော်ကြီး၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်။
ရက်စွဲ – ၂၀၁၇ ခု၊ မေလ (၁၃)ရက် ၊ စနေနေ့
အချိန် – နံနက် (၈း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီထိ
အစီအစဉ် – စာတမ်းများ ဖတ်ကြား၊ မေးမြန်း၊ ဖြေကြား ဆွေးနွေးပါမည်။
ဒုတိယနေ့ အစီအစဉ်
ရက်စွဲ – ၂၀၁၇ ခု၊ မေလ (၁၄)ရက် ၊ တနင်္ဂနွေနေ့
အချိန် – နံနက် (၈း၀၀)နာရီ မှ (၁၁း၀၀)နာရီထိ
အစီအစဉ် – မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၏ ဗဟိုညီလာခံ အခမ်းအနား
(ဖိတ်ကြားထားသည့် ကိုယ်စားလှယ်တို့သည် (၁၂၊၅၊၂၀၁၇) ရက်၊ သောကြာနေ့၊ ညနေ ၄း၀၀ နာရီတွင် နောက်ဆုံးထား၍ အရောက် လာရပါမည်။
ညီလာခံကျင်းပရေးရုံး၌ ဖိတ်စာနှင့်တကွ သတင်းပို့ပြီးနောက် လည်ဆွဲကဒ် ပြား ထုတ်ယူရပါမည်။
ရဟန်း၊ သံဃာတော်များမှအပ ကိုယ်စားလှယ်များ အိပ်ယာလိပ် ယူဆောင် လာလျှင် ပို၍ သင့်တော်ပါသည်။)