မြန်မာနိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်ထားရှိသော ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ အောင်မြင်စေရန်အတွက် တစ်ကျောင်းစီ၏ အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တင်ပြကာ၊ ဝိုင်းဝန်းကူညီအဖြေရှာကြရန်နှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများနှင့် နည်းလမ်းများကို မျှဝေတိုင်ပင်ကာ လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ ဖွင့်လှစ်ပြီး ဓမ္မကျောင်းတော် စုစုပေါင်း (၅၀၀)ကျော်မှ တာဝန်ရှိ သံဃာတော်တစ်ပါး၊ ကော်မတီဝင်တစ်ဦး၊ သင်ကြားရေးတစ်ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၆၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ကျောင်းတော်များမှ အတွေ့အကြုံရှိသည့် စေတနာရှင်၊ ကရုဏာရှင်များ ဆရာ၊ ဆရာမများသည် ၁။ ယဉ်ကျေးလိမ္မာသင်တန်းများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဖွင့်လှစ်နိုင်ရေးဆိုင်ရာစာတမ်း၊ ၂။ ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေးဆိုင်ရာစာတမ်းများ၊ ၃။ ယဉ်ကျေးလိမ္မာသင်တန်းများ ရေရှည်တည်တံ့ရေးဆိုင်ရာ စာတမ်းများကို ကဏ္ဍအလိုက် တာဝန်ရှိသူများက ဖတ်ကြား တင်သွင်းကြပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ
ရန်ကင်းတောရ ပရိယတ် ပဋိပတ်