ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

(၁၃.၁၁.၂၀၁၆) တနင်္ဂနွေနေ့ ၏ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်သင်တန်း၊ အပါတ်စဉ်(၂၂)

ဝိသုဒ္ဓိမဂ် သင်တန်း

Dhamma Training center

IMG_1813 နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြား ပို့ချပေးပါသည်။ “အန္တောဇဋာဗဟိဇဋာ၊ ဇဋာယဇဋိတာပဇာ တံတံဂေါတမပုစ္ဆာမိ၊ ကောဣမံ ၀ိဇဋယေ ဇဋံ သီလေပတိဋ္ဌာယနရောသပညော၊ စိတ္တံပညဉ္စ ဘာဝယံ အာတာပီနိပကောဘိက္ခု၊ သောဣမံ ၀ိဇဋယေ ဇဋံ” ဂါထာတော်ဖြင့် သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့ရန်ကင်းတောရဆရာတော်မှ သီလပျက်စီးခြင်း၏ အပြစ်များ၊ သီလ ပြည့်စုံခြင်း၏ အကျိုးများကို သင်ကြားပေးတော်မူခဲ့ပါသည်။ သီလကိုစောင့်ထိန်းခြင်းသည် ယခုဘ၀အတွက်သာမက နောင်တမလွန် ဘ၀ အတွက်လည်း ကျေးဇူးများလှကြောင်း၊ တပည့်ယောဂီများ အနေဖြင့် လည်း သီလပြည့်စုံပါမှ စိတ္တာနုပဿ နာ ကမ္မဌာန်းကို ကျင့်ကြံရာတွင် အထောက်အကူ ဖြစ်စေနိုင်မည်။ သီလအားကောင်းမှလည်း မိမိ၏စိတ်ကို ကြည့်တတ်နိုင်ပေမည်။ မိမိ၏ကမ္မဌာန်း ပျက်သွားခဲ့လျှင်လည်း သီလ ပြည့်စုံနေသူအဖို့ အချိန်မရွေး ကမ္မဌာန်း ပြန်တင်နိုင်ကြောင်း သင်ကြား ပေးတော်မူခဲ့ပါသည်။

No Comments Yet.

Leave a comment