နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ တိုင်းပြည်၏ အနာဂတ်ကိုပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာကာ မြန်မာ့မြေပေါ်တွင် ဗုဒ္ဓဘာသာ သာသနာတော် အဓွန့်ရည်ကြာစွာ တည်တံ့နိုင်ရေးကို ပဓာနရည်မှန်းချက်ထားကာ ဆရာဖြစ်သင်တန်း၊ ဆရာ ဆရာမမွန်းမံသင်တန်း၊ လူငယ်သင်တန်းစသည်တို့ကို တစ်နှစ်ပတ်လုံး ဖွင့်လှစ် သင်ကြားပို့ချပေးလျှက်ရှိပါသည်။
ပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ ပရိယတ်၊ ပဋိပတ်နှင့် ပရဟိတစသည့် များပြားလှစွာသော သာသနာပြုလုပ်ငန်းများကို စဉ်ဆက်မပျက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စိတ်ဝယ်ရည်မျှော်မှန်းကာ မြင့်မြတ်သည့်စိတ်စေတနာဖြင့် လှူဒါန်းခဲ့ကြသသည့် အလှူပစ္စည်းအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေနိုင်ရန် စီစဉ်ထားပါသဖြင့် တစ်ဖက်ပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်ပေးပါရန် ဂါရဝရှေ့ထားကာ လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။ ဤအခန်းအနားကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ ညနေ(၆း၀၀)တွင် ညဦးပိုင်းတရားပွဲအဖြစ်တစ်ကြိမ်၊ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် နေပြည်တော်ယဉ်ကျေးလိမ္မာဌာန၏ သာသနာပြုလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲအဖြစ်တစ်ကြိမ်၊ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လည်(၁၂း၀၀)တွင် ရေစက်ချအခမ်းအနားအဖြစ်တစ်ကြိမ် စသည်ဖြင့် အစီအစဉ်(၃)ရပ်ဖြင့်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆက်သွယ်ရန်-မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁) ၊နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန၊ သပြေပင်စံပြကျေးရွာ ၊လယ်ဝေးမြို့နယ်၊ နေပြည်တော်။ ဖုန်း-၀၉ ၄၃၀၇၅၇၀၄၊ ၀၉ ၈၃၀၄၄၄၆၊ ၀၉ ၇၉၇၃၀၃၀၂၁။