ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: June 2014

လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုဒဏ်ကို ကာကွယ်ရန်အားလုံးမှာ တာဝန်ရှိ

ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၆/၂၀၁၄)ကို ဇွန်လ (၄)ရက်နေ့မှ စတင်၍ ဇွန်လ (၁၄)ရက်နေ့အထိကျင်းပခဲ့ရာ သင်တန်းကို မော်လမြိုင်မြို့ ဟိတဓရဆရာတော်မှ သင်တန်း၏ နောက်ဆုံးရက် တွင် သင်တန်းသားများကို သြဝါဒစကားမိန့်ကြားတော်မူခဲ့ပါသည်။ ဆရာတော်မှ ယနေ့ဘာသာတရားရေစီကြောင်းထဲတွင် မိမိတို့အနေနှင့် စည်းစည်းလုံးလုံးနှင့် လက်တွဲညီညီဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းနှင့် သာသနာပြုရာတွင် ထားရှိရမည့်သဘောထားများကို မိန့်ကြားတော်မူခဲ့ပါသည်။ ပြဿနာဆိုတာကတော့နေရာတိုင်းမှာ ရှိနေမှာဘဲ ယင်ပြဿနာကို မိမိတို့က ရင်ဆိုင်ကျော်လွှားကျော်ဖြတ်သွားရန်နှင့် ပြဿနာဖြေရှင်းရာတွင် အားလုံးပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားရန်မိန့်ကြားခဲ့ပါသည်။ မိမိတို့ရဲ့ကြိုးစားမှုဟာ တစ်ခဏတာလေးနှင့်တော့ သိသိသာသာကြီး မပြောင်လဲလာသော်လည်း ထူးခြားမှုလေးတော့ရှိလာမှာ အမှန်ပင်ဖြစ်ပါသည်။ ထို့အပြင် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာတော်၊ သံဃာတော်မျာ၊ လူပဂ္ဂိုလ်များနှင့်လည်း စည်းစည်းလုံးလုံးနှင့်လက်တွဲညီစွာ ဆောင်ရွက်သွားရန်ကို လည်းအထူးမိန့်ကြားတော် မူခဲ့ပါသည်။ထို့အပြင် ကလေးငယ်များကို သင်ကြားရာတွင်လည်း မင်္ဂလာတရားတော်များကို ဦးစားပေးသင်ကြားပေးရန်ကို လည်းမိန့်ကြားပေးတော်မူခဲ့ပါသည်။ နိဂုံးချုပ်အနေနှင့် ဆရာတော်မှာ...
Read More