ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၄၀) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: July 2014

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ (တတိယအကြိမ်)၌ နေပြည်တော်စာဖြေဌာနမှဆုရကျောင်းသားကျောင်းသူများအားဆုပေးပွဲကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ   (တတိယအကြိမ်)၌   နေပြည်တော်စာဖြေဌာန မှဆုရကျောင်းသားကျောင်းသူ များအားဆုပေးပွဲအခမ်းအနားကိုလယ်ဝေးမြို့နယ်၊ ရန်ကင်းတောရ (ပရိယတ်၊ပဋိပတ်ဌာန) ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန တွင်ဇူလိုင်လ(၁၂)ရက်၊စနေနေ့   နေ့လည် (၂)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့လယ်ဝေးမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်၊မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲအတွင်းရေးမှူးဆရာတော်အရှင်ပဏ္ဍိတဘိက္ခုနှင့် ဆရာတော်အရှင်သူမြတ် စုစုပေါင်း(၁၁)ပါးတက်ရောက်ခဲ့ကြ၍နေပြည်တော်ကောင်စီဝင်ဦးသန်းဌေးနှင့် တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြပါသည်။ [caption id="attachment_2594" align="alignright" width="250"]news သင်တန်း[/caption] အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်မှ (၈)ပါးသီလချီးမြှင့်တော်မူပြီး သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ အတွင်းရေးမှူး ဆရာတော်မှ ဤစာမေးပွဲကျင်းပရခြင်းသည် ကလေးငယ်များအား အချိန်တိုအတွင်း ဗုဒ္ဓဝင်များကို လေ့လာနိုင်ရန်နှင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ၏ ရင်ထဲ မြတ်ဗုဒ္ဓ၏အဆုံးအမများတည်စေရန်အတွက် ပြုလုပ်ရခြင်းသည်သာ အဓိကရည်ရွယ်ချက် ဖြစ်သည်ဟု မိန့်ကြားတော်မူပါသည်။ [caption id="attachment_2595" align="alignright" width="150"] Read More

ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၇/၂၀၁၄)ကို နေပြည်တော် ဓမ္မကျောင်းတော် သင်တန်းဌာန၌ ဖွင့်လှစ်

မြတ်ဗုဒ္ဓ၏ အဆုံးအမများကိုအပတ်စဉ် တနင်္ဂနွေနေ့များ၌ မြန်မာနိုင်ငံ တစ်ဝန်း ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်းတ်ာများတွင်  သင်ကြားမည့် ဆရာ၊  ဆရာမများ  အရည်အချင်းပြည့်မီလာစေရန်အတွက် ရန်ကင်းတောရ  ပရိယတ်  ပဋိပတ်ဌာန  ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်  သင်တန်းဌာနတွင် သင်တန်း များ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ  နည်းပြဆရာဖြစ်သင်တန်း  အမှတ်စဉ် (၇/၂၀၁၄) ကို ဇူလိုင်လ(၃) ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖွင့်လှစ်မည်ဟု သိရပါသည်။ အဆိုပါသင်တန်းသို့ ရန်ကုန်မြို့မှ (၁၇)ယောက်၊ ပြင်ဦးလွင်မြို့မှ (၇)ယောက်၊ နောင်ချိုမြို့မှ (၆)   ယောက်၊  ကြို့ပင်ကောက်မြို့မှ  (၈)ယောက်၊ ပြည်မြို့မှ (၁)ယောက်၊ နေပြည်တော် လယ်ဝေးမြို့နယ်မှ (၁၅)ယောက်၊   မြို့လှမြို့မှ   (၂)ယောက်၊   မန္တလေးတိုင်းဒေသကြီး   နွားထိုးကြီးမြို့မှ  (၁)ယောက်၊   ရေတာရှည်မြို့မှ (၇)ယောက်၊ ...
Read More