ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၄) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဒုတိယ အကြိမ်မြောက် ကပ္ပိယ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခု ဒီဇင်ဘာလ ၁၅ ရက် ညနေ မှ ၁၆ ရက်နေ့ အထိ ကျင်း ပပြုလုပ်မည် ဖြစ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ (ယောဂီဟောင်းများသာ)

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: August 2014

ယဉ်ကျေးလိမ္မာသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ဆရာ၊ဆရာမများအား သြဝါဒပေးခြင်းအခမ်းအနား

နောင်အနာဂတ်တိုင်းပြည်၏ ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည့် ယနေ့လူငယ်များ ယဉ်ကျေးလိမ္မာလာစေရေးအတွက် ဆရာ၊ဆရာမများအား သြဝါဒစကားမှာကြားသည့် အခမ်းအနားကို သပြေပင်စံပြ ကျေးရွာအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်လ ၂၇ ရက်နေ့ ညနေ(၃)နာရီအချိန်တွင်ကျင်း ပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)၏ အလုပ်အမှုဆောင်ဆရာတော် အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)မှ ယနေ့လူငယ်များ အကျင့်စာရိတ္တ ယိုယွင်းလာနေသည်ကို ပြုပြင်ပြောင်းလဲပေး နိုင်မည့် နည်းလမ်းကောင်းများ မိန့်ကြားတော်မူပြီး ဆရာ၊ဆရာမများသည် ကျောင်းသားကျောင်းသူများ စာတတ်မြောက် ရန်သာမက ယဉ်ကျေးလိမ္မာလာစေရန်လည်း သင်ကြားပေး ရန်မေတ္တာရပ်ခံ၍ ဤသို့သင်ကြားနိုင်ရန် နည်းပြဆရာဖြစ်သင်တန်းများတက်ရောက်နိုင်ရန်ကိုလည်း ဆရာတော်မှ ကူညီပေးမည်ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်နှင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာဆရာမများနှင့် အထက်တန်းကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။ ကိုဇေ(နေပြည်တော်)   Dhamma School Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို အဖွဲ့) ၏ ဦးဆောင်မှုဖြင့်နည်းပြဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သြဂုတ်လ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့ထိတွင် ဗဟိုအဖွဲ့တည်ရှိရာ မန္တလေးမြို့ ဓမ္မရံသီမိုးဂုတ်ဝိပဿ ရိပ်သာတွင်လည်းကောင်း။ စက်တင်ဘာလ(၄)ရက်နေ့မှ (၁၄)ရက်နေ့အထိတွင် နေပြည်တော်စင်တာတွင်လည်းကောင်း ဖွင့်လှစ်ကျင်းပပေးမည် ဖြစ်ပါသည်။ ...
Read More

ယဉ်ကျေးလိမ္မာပြီး နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးမည့် သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာစေရေးသင်တန်းဖွင့်လှစ်

ယဉ်ကျေးလိမ္မာပြီး နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးမည့် သားကောင်း၊ သမီးမွန်များပေါ်ထွန်းလာစေရေးသင်တန်းဖွင့်လှစ်

 

ယနေ့မြန်မာနိုင်ငံကို   ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက်   နိုင်ငံ့ခေါင်းဆောင်ကြီးများက အဖက်ဖက်၌   အရှိန်အဟုန်ဖြင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်။   အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   အခြေခံအကျဆုံးသော   အရင်းအမြစ်မှာ   ယနေ့လူငယ်များ ပင်ဖြစ်ပါသည်။ လူငယ်များ ကျောင်းပညာ မည်မျှပင်တော်နေပါစေ မြတ်ဗုဒ္ဓ၏ အဆုံးအမအပေါ် အခြေခံသည့်   မြန်မာ့ ယဉ်ကျေးမှု   အသိပညာမရှိပါက   ရုပ်ဝတ္ထုပစ္စည်းများသာ   တိုးတက်လာပါမည်။ မြန်မာလူမျိုးတို့၏ ချစ်စရာ ကာင်းသည့် ယဉ်ကျေးမှု၊ မြတ်နိုးတန်းဖိုးထားစရာကောင်းကောင်းသည့် စိတ်ဓာတ်များမှာ ထူးထူးခြားခြား တိုးတက်လာမည်မဟုတ်ပေ။   ကျောင်းသားများ၏   စိတ်ဓါတ်ကို...

Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝးပွဲကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝးပွဲကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ   ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏   တတိယအကြိမ်မြောက် အစည်းအဝေးပွဲကို   သြဂုတ်လ(၁၂)နေ့က အဆိုပါအဖွဲ့ရုံးစိုက်ရာ  မန္တလေးတိုင်းဒေသကြီး  မြစ်ငယ်မြို့ရှိ ဓမ္မရံသီ မိုးကုတ်ဝိပဿနာရိပ်သာတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့   ဓမ္မရံသီဆရာတော်၊  သစ္စဝေဒဂူဆရာတော်၊   မော်လမြိုင် ဟိတဓရ ဆရာတော်၊   နေပြည်တော်မှ   ရန်ကင်းတောရဆရာတော်၊   ပြင်ဦးလွင်မြို့ အပ္ပမာဒကျောင်းမှ ဆရာ ကြီးနှင့်  နိုင်ငံတဝန်း   ယဉ်ကျေးလိမ္မာ   ရေးဆောင်ရွက်နေကြသည့်  ရဟန်းပညာရှိ၊   လူပညာရှိများ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေး လိမ္မာ စင်တာပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ(မူကြမ်း)ကို အတည်ပြုကြပါသည်။      ဤအဖွဲ့ အနေဖြင့်   မြန်မာနိုင်ငံတဝန်း  နည်းပြဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချလျှက်ရှိရာ...
Read More