ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၄) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဒုတိယ အကြိမ်မြောက် ကပ္ပိယ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခု ဒီဇင်ဘာလ ၁၅ ရက် ညနေ မှ ၁၆ ရက်နေ့ အထိ ကျင်း ပပြုလုပ်မည် ဖြစ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ (ယောဂီဟောင်းများသာ)

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: September 2014

ဓမ္မကျောင်းတော် ဖြစ်မြောက်ရေး ကော်မတီများနှင့် နှစ်ပတ်လည် အစည်းအဝေးပွဲ အတွက် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပ

ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီများနှင့် နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပ

          နေပြည်တော် လယ်ဝေးမြို့နယ် ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးမြို့နယ် အလုပ်အမှု    ဆောင် ကော်မတီများ အစည်းအဝေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။

          ၎င်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟို အတွင်းရေးမှူး(၂)ဆရာတော်၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန သြဝါဒါစရိယ၊ ရန်ကင်းတောရဆရာတော်မှ...

Read More

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာသို့ တက်ရောက်သင်ကြားခဲ့ပြီးသည့် ဆရာ၊ဆရာမများ

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာသို့ တက်ရောက်သင်ကြားခဲ့ပြီးသည့် ဆရာ၊ဆရာမများ

  စဉ်          တိုင်း/ပြည်နယ်       သင်တန်းဆင်းပြီး            ဖွင့်လှစ်ခဲ့ပြီး           တက်ရောက်    

                                                  ဆရာဦးရေ                   ကျောင်းပေါင်း         ကျောင်းသား

 ၁              နေပြည်တော်            ၄၀၈၇                            ၁၂၃                        ၁၇၇၇၆

 ၂              မန္တလေး                       ၃၃၅                               ၂၆                          ...

Read More

မြန်မာတစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ပြီးခဲ့သည့် ဓမ္မကျောင်းတော်များ

မြန်မာတစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ပြီးခဲ့သည့် ဓမ္မကျောင်းတော်များ

စဉ်      တိုင်း/ပြည်နယ်        မြို့နယ်             ကျောင်းပေါင်း          ကျောင်းသာဦးရေ      ပိတ်ခဲ့သည့်ကျောင်း

၁          နေပြည်တော်

            ကေင်စီနယ်မြေ        လယ်ဝေး               ၈၅                            ၁၀၅၅၇                              

၂         နေပြည်တော်

Read More

တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားကြတဲ့ လူငယ်မောင်မယ်တွေ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင် မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်တဲ့ လူတော်လူကောင်းတွေ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် အသိဥာဏ်ပညာကြီးမားတဲ့ ဆရာတော်၊ သံဃာတော်များက နိုင်ငံတစ်ဝှမ်း ကျေးလက်တောရွာ မြို့များ၊ ရပ်ကွက်များပါမကျန် ဓမ္မကျောင်းတော်များကို ကျယ်ပြန့်စွာ ဖွင့်လှစ်နေကြပြီ ဖြစ်ပါသည်။

၎င်း ဓမ္မကျောင်းတော်တွေ ရေရှည်တည်တံ့အောင်မြင်ရန်မှာ ရပ်မိ၊ရပ်ဖများ၊ မိဘများ၊ ဆရာ၊ဆရာမများ ဆရာတော်သံဃာတော်များရဲ့ စည်းလုံးညီညွတ်မှုအပေါ်တွင် များစွာမူတည်နေပါသည်။ ဆရာ၊ဆရာမတွေရဲ့ အရည်အချင်း မြင့်မားပြီး သင်ကြားနည်းစနစ်တွေဆန်းသစ်နေမှသာ (ဓမ္မစကားကြားဖန်များက စိတ်ထားဖွေးလျက် သိဥာဏ်ထက်၏) ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူငယ်တွေ ကျောင်းနေပျော်ကာ ဓမ္မစကားများကို နေ့တိုင်းကြားရမည်ဖြစ်ပါသည်။ ဒါ့ကြောင့် ဆရာ၊ဆရာမများရဲ့ အရည်အချင်း မြင့်တင်ပေးရန်၊ သင်ကြားနည်း စနစ်တွေကို သေသေချာချာ ဂဃနဏ သိရှိနိုင်ရန်၊ ကျေးရွာရပ်ကွက်များရှိ ဓမ္မကျောင်းတော်များတွင် ဖြစ်ပေါ်လျက်ရှိနေသည့် အခတ်အခဲများ၊ ပြဿနာများကို ကူညီဖြေရှင်းပေးရန်အတွက် ဓမ္မရံသီဆရာတော် (မိုးကုတ်)၊ သစ္စဝေဒဂူဆရာတော် (မန္တလေး ရေတံခွန်တောင်တောရ)၊ ဟိတဓရဆရာတော် (မော်လမြိုင်)နှင့် ရန်ကင်းတောရဆရာတော် (နေပြည်တော်)တို့ ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ် ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟို)ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

အဆိုပါအဖွဲ့အစည်းမှ ဦးဆောင်ညွှန်ကြားမှုပြုကာ မန္တလေး ယဉ်ကျေးလိမ္မာစင်တာ၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတို့ကနေပြီး မြန်မာတစ်နိုင်ငံလုံးမှ ဓမ္မကျောင်းတော်သင်၊ သင်ကြားရန်လျာထားဆဲ ဆရာ၊ ဆရာမများအားတက်ရောက်သင်ကြားနိုင်ရန်အတွက် နည်းပြဆရာဖြစ်သင်တန်းတွေကို လစဉ် တစ်လတစ်ကြိမ် ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။

ယခုအခါတွင် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာမှ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၉/၂၀၁၄)ကို စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ၁၄ ရက်နေ့အထိ ၁၀ ရက်ကြာ ကမ္ဘာ့အသိအမှတ်ပြု CCA သင်ကြားနည်းဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားအား ၁၄ ရက်နေ့နေ့လည် ၁၂ နာရီအချိန်တွင်ကျင်းပခဲ့ရာ ရန်ကင်းတောရ ဆရာတော်(ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန သြဝါဒစရိယ ဆရာတော်) မှ ယနေ့လူငယ်တွေ နည်းပညာတွေရဲ့ တိုးတက်မှုကြောင့် ရင်ဆိုင်ကြုံ တွေ့နေရသည့် ယဉ်ကျေးမှုများအကြောင်း၊ ရာဇဝတ်မှုတွေ များပြားလာရခြင်းရဲ့ အခြေခံအချက်များ၊ စသည့်တို့ကို မိမိတို့ ဘက်မှ ဓမ္မကျောင်းတော်များကို ဖွင့်လှစ်၍ အဆိုပါ လှိုင်းဂယတ်များကို ကာကွယ်ရန် စသည်တို့ကို မိန့်ကြား၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန ယာယီတာဝန်ခံကျောင်းအုပ်ကြီး မြို့နယ် ပညာရေးမှူး(ငြိမ်း)က ဓမ္မကျောင်းတော်သင် ဆရာ၊ဆရာမများဟာ မိမိတို့ အရည်အချင်းများကို မြှင့်တင်ရန် နည်းပြဆရာဖြစ်သင်တန်းများကို တက်ရောက်သင့်ကြောင်း၊ နိုင်ငံအနှံ့အပြားရှိ ဓမ္မကျောင်းတော်များနှင့် အချင်းချင်းညီညီညွတ်ညွတ်နှင့် သတင်းများကို အပြန်အလှန်ဖလှယ်သင့်ကြောင်း စသည်တိုကို ဆွေးနွေး ပြောကြားသွားပါသည်။

၎င်းအပြင် နည်းပြဆရာဖြစ်သင်တန်းဌာနရဲ့ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်လင်းမှ ယခုအခါတွင် ကျောင်းပေါင်း ၄၀၀ ရာကျော် ဖွင့်လှစ်ခဲ့ပြီး ဆရာ ဆရာမပေါင်း   ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ ဓမ္မကျောင်းတော်များမှ တွေ့ကြုံရမည့် အခတ်အခဲများကို ဖြေရှင်းနိုင်စေရန်၊ မိမိတို့ ကျောင်းမှ လူငယ်များကို အကျင့်စာရိတ္တကောင်းများ ရရှိရန်အတွက် သင်ကြားနည်းများကို ရရှိစေရန် ဆွေးနွေးပြောကြားသွားပါသည်။ ယခုသင်တန်းသို့ တက်ရောက်လာကြတဲ့ သင်တန်းသားတွေဟာ ပထမရက် မှာတော့ အတွေ့အကြုံ မရှိတဲ့အတွက် ကြောက်ရွံ့၍ အနည်းငယ် အားနည်းချက်ရှိသော်လည်း၊ အချိန် အနည်းငယ် ကြာလာသောအခါ သင်တန်းသားသင်တန်းသူများ ပုံမှန်ဆိုသလို ပြောင်းလဲတိုးတက်လာသည်ကို “အနေအထိုင်၊ အပြောအဆို၊ အပြုအမူ”များကို ကြည့်၍ သိရှိခဲ့ရပါတယ်ဟူ၍ သင်တန်းတစ်ခုလုံးရဲ့ ခြုံငုံသုံးသပ်ချက်အား ဆွေးနွေးပြောကြားသွားခဲ့ပါသည်။ မိမိတို့ ဌာနေသို့ ရောက်လျင်လည်း မိမိတို့ရဲ့ အရည်အချင်းများကို ဆရာတော်၊ သံဃာတော်များထံသို့ ချဉ်းကပ်၍ အမြဲတမ်းမြှင့်တင်ပေးနေရမည် ဖြစ်ကြောင်းကိုလည်း ဖြည့်စွတ်ပြောကြားသွားပါသည်။

ထို့နောက် သင်တန်းသားသင်တန်းသူများသို့ သင်တန်းဆင်းလက်မှတ်များပေးအပ်၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံ တိဌတု သုံကြိမ်းရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

                                                                   ကိုဇေ (နေပြည်တော်)

                                                                          ၁၄. ၉. ၁၄