ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: September 2014

နည်းပညာ

          ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် အလို့ငှာ သတင်းစာများ, Website, Facebook များပေါ်သို့ သတင်းများကို အချိန်နှင့် တပြေးညီ တင်ပြကာ ဆောင်ရွက်လျက်ရှိပါသည်။

          မကြာမီကာလတွင် လူတိုင်းစေ့နီးပါး တယ်လီဖုန်းများ ကိုင်နိုင်တော့မည်ဖြစ်သည့်အပြင် အင်တာနက် ကိုလည်း လိုင်းနှုန်းမြန်မြန်နှင့် အသုံးပြုလာနိုင်တော့မည် ဖြစ်ပါသည်။

          ဤအခြေအနေကို သာသနာတော်အတွက် အရေးတကြီး အသုံးပြုနိုင်ရန် ဓမ္မကျောင်းတော် နည်းပြ ဆရာဖြစ်သင်တန်းဌာန၏ သြဝါဒစရိယဆရာတော်မှ နိုင်ငံတကာ ပညာသင်ကြားနည်းဖြစ်သည့် Online Teaching ဖြင့် ဓမ္မကျောင်းတော် သင်ခန်းစာများကို Online ပေါ်မှ...

Read More

ယဉ်ကျေးမှုသင်ခန်းစာကို CCA ဖြင့် သင်ကြားနည်းများဖော်ထုတ်ခြင်း

ယဉ်ကျေးမှုသင်ခန်းစာကို CCA ဖြင့် သင်ကြားနည်းများဖော်ထုတ်ခြင်း အုပ်စု (A)မှ သင်တန်းသား ဆရာမ ဒေါ်ဇာဇာစိုး.ရဲ့သင်ကြားနည်းဖော်ထုတ်ရာတွင် ........................... ယဉ်ကျေးခြင်းစာအုပ်ထဲက ကဗျာတစ်ပုဒ်ဖြစ်သည့်.... လူသားဆိုတာမှားတတ်တာ၊ အမှားမကင်းပါ၊ သူရောကိုယ်ပါမှားတတ်တော့၊ ခွင့်လွှတ်နိုင်အောင်ကြိုးစားပေါ့၊ ခွင့်မလွှတ်တော့ ကြာလေလေ။ အမုန်းစိတ်တွေကြီးထွားလေ။ ကြီးထွားလာလို့ ပေါက်ကွဲတော့၊ ဒုက္ခတွေ့ပြီပေါ့။ ဒုက္ခတွေ့တော့ ဘယ်သူနာ၊ သူရောကိုယ်ပါနာ။ နစ်နာတာဟာ ဘာကြောင့်လဲ၊ခွင့်မလွှတ်နိုင်လို့ဘဲ. အစရှိသည့် ကဗျာများနှင့် ပြောပြပြီး လူငယ်များအား လွှင့်လွှတ်နိုင်စွမ်းရှိအောင်၊ ခွင့်လွှတ်တတ်တဲ့ မြင့်မြတ်သည့် စိတ်ထား၊ အလေ့အကျင့်ကောင်းရှိမှ ကြီးလာတဲ့အခါ လူ့လောကထဲ အဆင်ပြေပြေ နေတတ်သွားမှာဖြစ်တယ် ဆိုတာကို CCA သင်ကြားနည်းဖြစ်တဲ့ အတိုင်း ကလေးငယ်များအား ကိုယ်တိုင်ပါဝင်စေကာ လူငယ်များရဲ့ အတွေ့အကြုံများကို ပြန်လည်ပြောပြ စေခြင်း၊ ဆရာ၊ ဆရာမများမှ ဖြေရှင်းပုံဖြေရှင်းနည်းများပြောပြစေခြင်း၊ အစရှိသဖြင့်...

Read More

ဓမ္မကျောင်းတော်သင် ဆရာ၊ဆရာမများအား အရည်အချင်းမြှင့်သင်တန်းများဖွင့်လှစ်

ဓမ္မကျောင်းတော်သင် ဆရာ၊ဆရာမများအား အရည်အချင်းမြှင့်သင်တန်းများဖွင့်လှစ်

          မြန်မာနိုင်ငံအနှံ့အပြားတွင် ဓမ္မကျောင်းတော်များ၊ ဓမ္မစကူးလ်သင်တန်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ အများအပြားကို အပတ်စဉ် တနင်္ဂနွေနေ့များ၌ ဖွင့်လှစ်လာကြပါသည်။ အဆိုပါ သင်တန်းများ ရေရှည် တည်တံ့အောင်မြင်ရန်၊ ဆရာ၊ဆရာမများ အရည်အချင်း   မြှင့်တင်ပေးရန်နှင့်   ဖြစ်ပေါ်လာသော အခတ်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ဦးဆောင်ဆရာတော် များက မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(ဗဟို)ကို ဖွဲ့စည်းကာ သာသနာပြုလုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လျှက်ရှိပါသည်။

          ဗဟိုအဖွဲ့မှ ဦးဆောင်ပြီး မန္တလေးယဉ်ကျေးလိမ္မာစင်တာနှင့် နေပြည်တော်ယဉ်ကျေးလိမ္မာ စင်တာ(ဗဟိုခွဲ-၁)တို့၌ တစ်လလျှင် နည်းပြဆရာဖြစ်သင်တန်း တစ်ကြိမ်စီဖွင့်လှစ် သင်ကြားလျှက်ရှိရာ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၌...

Read More