ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2014

အကြိမ်(၁၀၀)ပြည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်ပါမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ နေပြည်တော်၊လယ်ဝေးမြို့နယ်၊သပြေပင်စံပြကျေးရွာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နိုဝင်ဘာ(၅)ရက်မှ (၁၅)ရက်နေ့ထိ အကြိမ်(၁၀၀)ပြည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်ပါမည်။   တက်ရောက်လိုသူများ ၀၉-၈၃၀၄၄၄၆၊၀၉-၂၅၄၀၂၆၇၆၃ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။......
Read More

ယဉ်ကျေးလိမ္မာလူငယ်နည်းပြသင်တန်းဖွင့်လှစ်မည်

  သင်တန်းဆင်းပွဲ         အခြေခံပညာကျောင်းများ၌ တန်းပြဆင်းနေသော TTC ကျောင်းသားကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာလူငယ်နည်းပြသင်တန်းကို ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန နေပြည်တော် လယ်ဝေးမြို့နယ်ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုနည်းပြဆရာဖြစ်သင်တန်းဌာန မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့မှ(၂၇- ၁၀-၂၀၁၄) ရက်မှစ၍  (၃၁-၁၀-၂၀၁၄) အထိ (၅)ရက်သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ၀၉-၄၃၀၇၅၇၀၄/ ၀၉-၈၃၀၄၄၄၆
မှတ်ချက်။ ။စိတ်ပါဝင်စားသော လူငယ်များလည်းတက်ရောက်နိုင်ပါသည်။
...
Read More

ဓမ္မကျောင်းတော်တွင် တက်ရောက်သင်ကြားနေသော လူငယ်တစ်ချို့၏ အသိပညာ ဗဟုသုတ ယဉ်ကျေးမှုများ ပြောင်းလဲလာမှု

<h4>ဓမ္မကျောင်းတော် ဆရာထံပါးတိုင်မယ်</h4>

အမည်           မောင်ဟိန်းထက်စိုး(သူငယ်တန်း)

အဖအမည်      ဦးငယ်မောင်+ဒေါ်ခင်စန်းလှ

နေရပ်            ကြာကန်၊ သစ်ကြိမ်းအုပ်စု

          သားဓမ္မကျောင်းတော်တက်ပြီးမှ ထိခြင်းငါးဖြာနဲ့ ဘုရားရှိခိုးတတ်ပြီး ညစဉ်ညတိုင်း ဆီမီးပူဇော်တာ ရေချမ်းကပ်တာတွေကိုပါ လုပ်ပါတယ်။

          သားရှေ့မှာ လူကြီးတွေက လိမ်ပြောပါတယ်ခင်ဗျာ။ သားကတော့ မုသာဝါဒကံ ထိုက်လိမ့်မယ်လို့ ပြောပြပါတယ်ခင်ဗျာ။ အမေ ငါးဟင်းချက်တဲ့အခါ ငါးသေကောင်ကြီးကို ဓါးနဲ့ခုတ် ပါတယ်ခင်ဗျာ။ သားက သူ့အသတ်သတ်တယ်ဆိုပြီး အမေကို ဆရာတော်နဲ့ တိုင်မယ်...

Read More

ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ဆရာမမွမ်းမံသင်တန်း အမှတ်စဉ် (၂၄/၂၀၁၄) သင်တန်းဆင်းပွ္ပဲ္ပကျင်းပ

          နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန၊ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာန၌ ဆရာ၊ ဆရာမများ၏ အရည်အချင်းမြှင့်တင်နိုင်ရန် နည်းပြဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများကို လစဉ် ပုံမှန်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယခုအခါတွင် ဆရာ၊ဆရာမွမ်းမံသင်တန်းအမှတ်စဉ် (၂၄/၂၀၁၄)ကို အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမများစုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတများ၊ သင်ကြားနည်းဆိုင်ရာသင်ခန်းစာများနှင့် စိတ်ထားပြု ပြင်ပြောင်းလဲရေးဆိုင်ရာ သင်ခန်းစာများကိုစင်တင်စကားပြောပွဲ (Role-play)၊ လက်တွေ့တန်းပြသင်ကြားခြင်း (Block Teaching)၊ စကားရေလုပွဲများ(Debate)၊ အလုပ်ရုံဆွေးနွေးပွဲများ(Work shop)များ ပြုလုပ်၍ CCA(Child Centred Approach)နည်းဖြင့်သင်ကြားပို့ချပေးခဲ့ပါသည်။

Read More