ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။
၂။ အပတ်စဉ် (၁၄၂) စက်တင်ဘာ တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2014

ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးပွဲကျင်းပမည်

ဓမ္မကျောင်းတော်နှစ်ပတ်လည်း အစည်းအဝေးပွဲကျင်းပမည်

          မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ (၁)၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန၏ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးပွဲ (၂၀၁၄) ကို နေပြည်တော်တွင် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးပွဲတစ်ရပ် သင်တန်းဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၆) ရက်နေ့ညနေ(၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး (၂) ဆရာတော်၊ ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒစရိယရန်ကင်းတောရ ဆရာတော်မှ ယခုကဲ့သို့ ညီလာခံများ နှစ်ပတ်လည်အစည်းအဝေးပွဲများ ကျင်းပရခြင်း၏ ပဓာနရည်ရွယ်ချက်မှာ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာရေးအတွက် နည်းလမ်းများ ဆန်းသစ်ရန် လက်ရှိသင်ကြားနေသည့် ကျောင်းများ၏အုပ်ချူပ်ရေး သင်ကြားရေးအခက်အခဲများကို...

Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးပွဲကျင်းပပြီးစီး

နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင်စံပြကျေးရွာ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်း ဌာနတွင် ယဉ်ကျေးလိမ္မာ ညီလာခံဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးပွဲကို ၃၀.၉.၂၀၁၄ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပွဲကို မန္တလေးယဉ်ကျေးလိမ္မာစင်တာ(ဗဟို)မှ ရုံးအဖွဲ့မှူးဆရာတော်၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ(ဗဟိုအဖွဲ့ခွဲ-၁)၏ ဦးဆောင်ဆရာတော်များ၊ မော်လမြိုင်ယဉ်ကျေး လိမ္မာစင်တာ(ဗဟိုအဖွဲ့ခွဲ-၂)၏ ဦးဆောင်ဆရာတော်များ၊ အဖွဲ့ဝင်ဆရာတော်၊သံဃာတော်များနှင့် သက်ဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးပွဲ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ယဉ်ကျေးလိမ္မာညီလာခံကို ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝသည့် ညီလာခံတစ်ခုဖြစ်ရန်အတွက် ကြိုတင်ညှိနှိုင်းကြခြင်းဖြစ်ပါသည်။ အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် အတည်ပြုဆွေးနွေးချက်များကို မန္တလေးမြို့၌ ၂.၁၀.၂၀၁၄၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ အစည်းအဝေးပွဲတွင် ပြန်လည်ဆွေးနွေးတင်ပြ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရပါသည်။ ညီလာခံအတွက် အမှူဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် အခမ်းအနား အစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ စာတမ်းဖတ်ကြားတင်သွင်းနိုင်ရန်အတွက်...
Read More