ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

(၁) ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၈)ကို ဇွန်လ (၁၃)ရက်မှ (၂၃)ရက်ထိ ဖွင့်လှစ်ပါမည်။
(၂) ကပ္ပိယများအတွက် ကပ္ပိယကောင်းတစ်ယောက် သင်တန်း ဖွင့်လှစ်ရန်ရှိပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: November 2014

ရာပြည့်သင်တန်းဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁)က ကြီးမှူး၍ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၁၀/၂၀၁၄)ကို (၅-၁၁-၂၀၁၄)ရက် နေ့မှစတင်ကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်စံပြကျေးရွာ ရန်ကင်း တောရ ပရိယတ် ပဋိပတ်ဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီိး၊ ရှမ်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ(၄၃)ဦး တက်ရောက်ပါသည်။ သင်တန်းကို (၁၅-၁၀-၂၀၁၄)ရက်နေ့ထိ (၁၀)ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဤသင်တန်းသည် သင်တန်းဌာန၌ ဖွင့်လှစ်ခဲ့သည့် ရာပြည့်သင်တန်းဖြစ်ပြီး ယဉ်ကျေးလိမ္မာ ဆရာ/ဆရာမ စုစုပေါင်း(၈၁၈၁)ဦး မွေးထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရ ပါသည်။  ...
Read More