ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: December 2014

ဗဟိုခွဲ(၁)။ နေပြည်တော်ယဉ်ကျေးလိမ္မာ စင်တာမှ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၁၁/၂၀၁၅)ကို ၂၀၁၅ ခု၊ ဇန်န၀ါရီလ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်ခင်ဗျာ။

စိတ်ထားမြင့်မြတ်၊ ကျင့်ဝတ်လိုက်နာ၊
မောင်မယ်လေးများ၊ မွေးဖွားရန်မျော်၊ ဓမ္မကျောင်းတော်။

ယဉ်ကျေးလိမ္မာနည်းပြဆရာ၊ ဆရာမများ၏ အရည်အချင်းမြှင့်မားနေခြင်းသည် ယဉ်ကျေးလိမ္မာဓမ္မကျောင်းတော် တစ်ခု
အောင်မြင်ခြင်း၏ အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာ၊ဆရာမများ၏ အရည်အချင်းကို
မြှင့်တင် ပေးရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ (မဗပ)ကို ဖွဲ့စည်းကာ ယဉ်ကျေး
လိမ္မာစင်တာအသီးသီးမှ တစ်လလျှင် တစ်ကြိမ်ဆိုသလို နည်းပြဆရာဖြစ် (၁၀)ရက်သင်တန်းများကို ဖွင့်လှစ်ပို့ချ လျက်
ရှိပါသည်။
ယခုအခါတွင် ဗဟိုအဖွဲ့(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာနတွင် ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ
နည်းပြဆရာဖြစ်သင်တန်း (၁၁/၂၀၁၅)ကို ၂၀၁၅ ခု၊...

Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးပွဲမှ အတည်ပြုဆုံးဖြတ်ချမှတ် လိုက်သော ရှေ့လုပ်ငန်းစဉ် (၈)ရပ်

-       ရှေ့လုပ်ငန်းစဉ် (၈)ရပ် မှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရှိရပါသည်။

၁။       ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရေးအတွက် ဆရာတော်၊ သံဃာတော်များ ရပ်မိရပ်ဖများနှင့် ဆရာ၊ဆရာမများ သုံးချောင်းထောက် အင်အားစုတို့သည် ပိုမိုထိတွေ့ကာ စည်းလုံးညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ရန်။

၂။       ထိရောက်သော သင်ကြားရေးနည်းစနစ် ဖြစ်ထွန်းရေးအတွက် သင်ထောက်ကူ ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်ရန်။

၃။       ဓမ္မကျောင်းတော်က လေ့ကျင့်သင်ကြားပေးလိုက်သော ကလေးသူငယ်များ၊ လူငယ် လူရွယ်များ၏ အမူအရာပြောင်လဲမှု့ (Behaviour Change) ကို ပုံမှန်အကဲဖြတ်ပြီး နှစ်စဉ်ဒီဇင်ဘာ (၁၅) ရက်မတိုင်မီအရောက် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာသို့ အရောက်ပေးပို့ရန်။

Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေး (၂၀၁၄)ကို စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော်နှစ်ပတ်လည်အစည်းအဝေး (၂၀၁၄)ကို စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီး

 မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေး ပွဲကြီးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တနင်္ဂနွေနေ့တွင် နေပြည်တော် မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေးပွဲကြီးသို့ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇ မဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၏ ပဓါနနာယက ဆရာတော် ဘုရားကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့၏ ဥက္ကဋ္ဌ ဓမ္မရံသီ ဆရာတော်၊ အတွင်းရေးမှူး (၁) ဟိတဓရဆရာတော် (မော်လမြိုင်)၊...

Read More