ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: January 2015

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၂/၂ဝ၁၅)ကို ဖွင့်လှစ်ပါမည်

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၂/၂ဝ၁၅)ကို ဓမ္မကျောင်းတော် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ အနာဂတ်သာသနာ ရေရှည်တည်တံ့ရန်အတွက် လူငယ်မောင်မယ်များ ယဉ်ကျေး လိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်။ ထိုသို့သော လူငယ်မောင်မယ်များ တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးနေစေရန်အတွက် ရည်ရွယ်၍ ဗုဒ္ဓ၏အဆုံးအမများကို မသင်မဖြစ် သင်ကြား ပေးနေမှသာလျှင် နောင်အနာဂတ်သာသနာသည် မိမိတို့အတွက် စိတ်ချဖွယ်ရာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ်များကို ဗုဒ္ဓအဆုံးအမများ သင်ကြားပေးရန်အတွက် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ သင်တန်းဌာနတွင် သင်တန်းများ လစဉ်သင်ကြား ပို့ချပေးလျှက်ရှိပါသည်။ ထိုကဲ့သို့ သင်တန်းများကို သင်ကြားပို့ချရာတွင် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင်...
Read More

နှစ်ပတ်လည် ရေစက်ချအခမ်းအနား ဖိတ်ကြားလွှာ

Intervation

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ တိုင်းပြည်၏ အနာဂတ်ကိုပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာကာ မြန်မာ့မြေပေါ်တွင် ဗုဒ္ဓဘာသာ သာသနာတော် အဓွန့်ရည်ကြာစွာ တည်တံ့နိုင်ရေးကို ပဓာနရည်မှန်းချက်ထားကာ ဆရာဖြစ်သင်တန်း၊ ဆရာ ဆရာမမွန်းမံသင်တန်း၊ လူငယ်သင်တန်းစသည်တို့ကို တစ်နှစ်ပတ်လုံး ဖွင့်လှစ် သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ ပရိယတ်၊ ပဋိIntervation Back 2ပတ်နှင့် ပရဟိတစသည့် များပြားလှစွာသော သာသနာပြုလုပ်ငန်းများကို စဉ်ဆက်မပျက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စိတ်ဝယ်ရည်မျှော်မှန်းကာ မြင့်မြတ်သည့်စိတ်စေတနာဖြင့် လှူဒါန်းခဲ့ကြသသည့် အလှူပစ္စည်းအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေနိုင်ရန် စီစဉ်ထားပါသဖြင့် တစ်ဖက်ပါအစီအစဉ်အတိုင်း...

Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ ဆရာမ မွမ်းမံသင်တန်း အမှတ်စဉ်(၂၅/၂၀၁၅) ကို ဖွင့်လှစ်ပို့ချ

တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ     ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်     အသိဉာဏ်ကြီးမားတော်ကြမူသည့် ဆရာတော်သံဃာတော်များနှင့် လူပညာရှိများမှ    မြန်မာနိုင်ငံအနှံ့အပြား       တောရော မြို့ပါမကျန် ဓမ္မကျောင်းတော်များ၊ ဓမ္မစကူလ်းများ၊   နွေရာသီ ယဉ်ကျေးလိမ္မာ သင်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါဓမ္မကျောင်းတော်များ ရေရှည် တည်တံ့ အောင်မြင်ရန်မှာ ဆရာ ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများ အရည်အချင်းမြင့်မားနေစေရန်အတွက် နေပြည်တော် ယဉ်ကျေး လိမ္မာစင်တာသင်တန်းဌာနမှ ဆရာဖြစ်သင်တန်းများ၊ ဆရာ၊ဆရာမ မွမ်းမံသင်တန်းတို့ကို ဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။ ဇန်နဝါရီလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ဆရာ ဆရာမ မွမ်းမံသင်တန်း...
Read More