ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၄) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဒုတိယ အကြိမ်မြောက် ကပ္ပိယ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခု ဒီဇင်ဘာလ ၁၅ ရက် ညနေ မှ ၁၆ ရက်နေ့ အထိ ကျင်း ပပြုလုပ်မည် ဖြစ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ (ယောဂီဟောင်းများသာ)

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: March 2015

ဆရာမကြီးဒေါ်ခင်အုန်းမြင့် ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)မှ ဖွင့်လှစ်ပို့ချ

P1200553ဆရာမကြီးဒေါ်ခင်အုန်းမြင့် ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)မှ အမှတ်စဉ်(၁၉/၂၀၁၅)သင်တန်းသူ၊ သင်တန်းသားများအား မတ်လ(၂၈)ရက်နံနက်ခင်းအချိန်တွင် အားကြိုးမာန်တက် သင်ကြားနေပုံ ...
Read More

လူငယ်နည်းပြအထူးသင်တန်း အမှတ်စဉ် (၁၉/၂၀၁၅)ကိုဖွင့်လှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် လူငယ်နည်းပြအထူးသင်တန်း အမှတ်စဉ်(၁၉/၂၀၁၅)ကိုဖွင့်လှစ်ရာတွင် သင်တန်းသား (၃၂)ဦးနှင့် သင်တန်းသူ(၅၈)ဦး စုစုပေါင်း (၉၀)ဦးတက်ရောက်ကြပါသည်။ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘာသာရေးနှင့်ပတ်သတ်သော အသိပညာများ တိုးတက်မြင့်မားလာစေရန်နှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး၍ ဘာသာတရားကို ကိုးကွယ်သည့်အဆင့်မှ အသုံးချနိုင်သည့်အဆင့်အထိ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ ဓမ္မကျောင်းတော်မှ လူငယ်သင်တန်း၊ နည်းပြဆရာဖြစ်သင်တန်း၊ မွမ်းမံသင်တန်း နှင့် ရက်တိုမွမ်းမံသင်တန်း များကို လစဉ်ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ ထိုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်သင်ကြားရာတွင် ကလေးဗဟိုပြုချဉ်းကပ်နည်း(CCA) Child- Center- Approach နည်းစနစ်ဖြင့် သင်ကြားပို့ချပေးပါသည်။ ထိုသင်တန်းသို့ တက်ရောက်လိုသူ လူငယ်မောင်မယ်များအနေဖြင့် နေပြည်တော်ယဉ်ကျေးလိမ္မစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ(သပြေပင်)၊ ဖုန်း-၀၉း၇၉၇၃၄၅၀၃၃၊...
Read More

သင်တန်းဆင်းပွဲပြုလုပ်

P1200470P1200471မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် ကျင်းပပြုလုပ်သော လူငယ်နည်းပြအထူးသင်တန်းကို မတ်လ(၂၅)ရက်နေ့ ညနေ(၄)နာရီတွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါသည်။...
Read More

လူငယ်နည်းပြအထူးသင်တန်းကို ဖွင့်လှစ်ပို့ချ

P1200245မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် လစဉ်ဖွင့်လှစ်သင်ကြားလျှက်ရှိသော သင်တန်းများထဲမှ လူငယ်နည်းပြအထူးသင်တန်း အမှတ်စဉ်(၁၈/၂၀၁၅)ကို ဆောက်လုပ်ဆဲဖြစ်သော ဓမ္မဗိမာန်တော်ကြီးထဲတွင် ပထမဦးဆုံးအကြိမ်မြောက် ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ ဤလူငယ်နည်းပြအထူးသင်တန်းကို (၂၀၁၅)ခု မတ်လ(၂၁)နေ့တွင် ဖွင့်လှစ်ရာ တိုင်းနှင့်ပြည်နယ်အရပ်ရပ်မှ တက်ရောက်လာကြသောသင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၈၇)ယောက် ရှိပါသည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသော ဓမ္မကျောင်းတော်များတွင် လူငယ် မောင်မယ် အများအပြားအပတ်စဉ် တက်ရောက်သင်ကြားကြသည်ဟု စာရင်းအရသိရှိရပါသည်။ ထိုကဲ့သို့ တက်ရောက်လာကြသော လူငယ်မောင်မယ်များထဲတွင် အထက်တန်း ကျောင်းသား ကျောင်းသူများသည် ကျောင်းစာကိုအလေးပေးနေရ၍ လာရောက်တက်ရောက်မှုမှာ နည်းပါးနေပါသည်။ ထိုကျောင်းသား ကျောင်းသူများအတွက် ဉာဏ်ပညာကြီးမာတော်မှုကြသည့်...
Read More