ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: March 2015

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲအတွက် လုပ်ငန်းအစည်းအဝေးကျင်းပခြင်း

P1190990P1190986 မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)၏ မှုဝါဒစည်းမျဉ်းပါ ညီနောင်အဖွဲ့အစည်းများနှင့် အားပေးကူညီလက်တွဲသွားရန်ဟူသော မှုဝါဒအတိုင်း စတုတ္ထအကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနမှ နေပြည်တော်ကောင်စီအနေနှင့် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် စာဖြေဌာနတစ်ခုအဖြစ် ကြီးမှူးကျင်းပရန် လုပ်ငန်းဆွေးနွေးပွဲကို ရန်ကင်းတောရ ဝိသုံဂါမသိမ်အစည်းအဝေးခန်းမ၌ (၁၈.၃.၂၀၁၅)ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ကျင်းပခဲ့ပါသည်။ နေပြည်တော်ကောင်စီနယ်မြေမှ ဓမ္မကျောင်းတော်များ၊ ဓမ္မစကူးများ၊ ယဉ်ကျေးလိမ္မာသင်တန်းများမှ လူငယ်မောင်မယ်များသည် သု့တစုံလင်ဗုဒ္ဓဝင်စာမေးပွဲကို နေပြည်တော်တွင် လွယ်ကူစွာဖြေဆိုနိုင်တော့မည်ဖြစ်ပါသည်။...
Read More

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်း

ကြော်ငြာ copyနေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀)ကို ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများအတွက်အထူးသင်တန်းအဖြစ် အောက်ပါအစီအစဉ်အတိုင်း (၅)ရက်တိုင်တိုင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သာသနာတော်ကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအား ဖိတ်ခေါ်အပ်ပါသည်။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ။ 'နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀)ကို ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများအတွက်အထူးသင်တန်းအဖြစ် အောက်ပါအစီအစဉ်အတိုင်း (၅)ရက်တိုင်တိုင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သာသနာတော်ကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအား ဖိတ်ခေါ်အပ်ပါသည်။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ။' ...
Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြ(အထူး)သင်တန်းကို ဖွင့်လှစ်ပို့ချမည်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများကို နေပြည်တော် ယဉ်ကျေးလိမ္မစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ၂၀၁၅ခု မတ်လ(၂၁)ရက်နေ့မှ (၂၅)နေ့အထိတစ်ကြိမ်၊ မတ်လ(၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်ကြိမ် စသည်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ဤသင်တန်းကို တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုထားကြသည့် လူငယ်များအတွက် အထူးသင်တန်းဖြစ်ပါသည်။ ဓမ္မကျောင်းတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော '' တိုင်းပြည်အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်” ဟူသည့်အတိုင်း လူငယ်မောင်မယ်များကို ယဉ်ကျေးလိမ္မာစေရန် ဓမ္မကျောင်းတော်လူငယ်နည်းပြသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေကြခြင်း ဖြစ်ပါသည်။ ဤဓမ္မကျောင်းတော်၏ လူငယ်နည်းပြသင်တန်းကို လာရောက်ကာ တက်စေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်ခင်ဗျား။ ထိုသင်တန်းကို တက်ရောက်ကြလိုသူများ လူဦးရေကန့်သတ်ထားပါသည်။ ဆက်သွယ်ရန်-၀၉ ၇၉၇၃၀၃၀၂၁ ၊ ၀၉...
Read More