ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: April 2015

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၃/၂၀၁၅)ကို ဖွင့်လှစ်ပို့ချမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၃/၂၀၁၅)ကို (၂၁၀၅)ခု မေလ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဤသင်တန်းသည် လူဦးရေကန့်သတ်ထားပါသဖြင့် မိမိတို့ဘက်မှ ကြိုတင်စာရင်းပေးရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ လူငယ်မောင်မယ်များအားလုံးကို မြတ်ဗုဒ္ဓ၏ ဓမ္မစာပေများ သင်ကြားပေးရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမကောင်းများ များစွာလိုအပ်လှပါသည်။ ထိုကဲ့သို အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများက လူငယ်များနှလုံးသားထဲ ဘုရားတည်ရန်အတွက် ဗုဒ္ဓစာပေများကို သင်ကြား ပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများသင်ကြားပေးမည့် ဆရာ၊ ဆရာမများကို...
Read More

နေပြည်တော်စာဖြေဌာနမှ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ နောက်ဆုံးအဆင့်ကို တက်ရောက်သွား

သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲကို ဖြေဆိုကြသော ကျောင်းသားကျောင်းသူများထဲတွင် နေပြည်တော် စာဖြေဌာနမှ ကျောင်းသားကျောင်းသူ(၁၀)ဦး သည် သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲ နောက်ဆုံးအဆင့်ကို တက်ရောက်သွားနိုင်ပါသည်။...
Read More

ဓမ္မကျောင်းတော် အဖွင့်သင်ခန်းစာ စာအုပ်မှ ဆရာတော်၏နိဒါန်း

ရှေးရှေးအခါကာလမှသည် ယနေ့တိုင် ပညာသင်ကြားလိုသူက ပညာသင်ကြား ပေးနိုင်မည့် ဆရာ့ထံပါးချဉ်းကပ်ကာ သင်ယူကြရပါသည်။ ဒိသာပါမောက္ခဆရာကြီး များရှိရာသို့ မင်းညီမင်းသားများ၊ ပုဏ္ဏားပညာရှိတို့၏သားများ ပညာသင်သွားကြ ကြောင်း နှင့် ဆရာကြီးသည် တပည့်များကို အဠာရသ ဆယ့်ရှစ်ရပ်သောပညာရပ် သင်ကြားပေးကြောင်း ဗုဒ္ဓဝင်များ၌ ဖတ်ရှုရပါသည်။ ရှေးဂရိနှင့် ရောမခေတ်တွင်လည်း အသိပညာရှာမှီးလိုသူများသည် ပညာရှင်များ ဟောပြောဆွေးနွေးကြမည့် လူစည်ကား ရာ ဈေးကဲ့သို့သော နေရာများ၌ သွားရောက်ကာ နာကြားသင်ယူကြရကြောင်း မိမိတို့၏ ဘဝအတွေ့အကြုံများအရလည်း သိရှိထားကြပြီးဖြစ်ပါသည်။ သို့သော် ယနေ့ကာလ၌မူ အစဉ်အလာအတိုင်း ပညာသင်ကြားရခြင်းမဟုတ် တော့ဘဲ ခေတ်စနစ်အရ နည်းပညာတိုးတက်ပြောင်းလဲလာခြင်းကြောင့် Online Education ခေတ်ရောက်လာပေပြီ။ အမိမြန်မာမြေမှ ကျောင်းသားလူငယ်များအတွက် တိုင်းပြည်ဆင်းရဲသောကြောင့် မိမိတို့နှင့် အလှမ်းဝေးလှပါပကောဟု အားငယ် ညည်းညူရန် လိုတော့မည်မဟုတ်ပါ။ မကြာတော့သော ကာလတိုအတွင်း၌...
Read More

သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲ ဒုတိယအဆင့်

သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲ ဒုတိယအဆင့်ကို ဧပြီလ(၂၀)ရက်နေ့ နံနက်(၈း၃၀)နာရီတွင် မင်္ဂလာဗျူဟာခန်းမ၌စတင်ဖြေဆိုနေကြပြီ။ အနာဂတ်သာသနာ မြတ်ဗုဒ္ဓ၏သာသနာကို ထိန်းသိမ်းစောင့်ရှောက်မည့် လူငယ်မောင်မယ်လေးများ သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲ တတိယအဆင့်ကို ဖြေဆိုနိုင်ရန် ကြိုးစားနေကြသည်။...
Read More