ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၄) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဒုတိယ အကြိမ်မြောက် ကပ္ပိယ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခု ဒီဇင်ဘာလ ၁၅ ရက် ညနေ မှ ၁၆ ရက်နေ့ အထိ ကျင်း ပပြုလုပ်မည် ဖြစ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ (ယောဂီဟောင်းများသာ)

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: July 2015

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅)ကို ဖွင့်လှစ်ပို့ချပါမည်

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅)ကို သြဂုတ်လ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။ ဆရာဖြစ် သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ် ဝင်တန်းအထက် ပညာအရည်အချင်း ရှိရမည်ဖြစ်ပြီး မိမိ၏ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာရပါမည်။ သင်တန်းသားအရေအတွက် (၆၀) ဦးသာလက်ခံမည်ဖြစ်ပါ သဖြင့် စာရင်း ကြိုတင်ပေးသွင်း ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ...
Read More

ပြင်ဦးလွင်မြို့ နယ် ဓမ္မကျောင်းတော်(၃)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးပွဲ

P1250580P1250557P1250602 မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ပြင်ဦးလွင်မြို့နယ်၊ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ပြန့်ပွားရေးအဖွဲ့၏ ဓမ္မကျောင်းတော်များ (၃)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးပွဲကို ရတနာရာမနွယ်နင်းကျောင်းတိုက်၌ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲကို "နမောတဿ မဟာပဏာမ" သုံးကြိမ်ပူဇော်၍ ဖွင့်လှစ်ပါသည်။ ထိုနောက် ရတနာရာနွယ်နင်းကျောင်းတိုက်ဆရာတော်ဘုရားထံမှ ဘုရားရှိခိုးဖြင့်...
Read More

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၅/၂၀၁၅) သင်တန်းဆင်းပွဲကို ကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၅/၂၀၁၅) သင်တန်းဆင်းပွဲကို ဇူလိုင်လ (၁၂)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် သင်တန်း ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဓာနနာယကဆရာတော်ကြီးများနှင့် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပဓာနနာယက ဆရာတော်ကြီးမှ သင်တန်းဆင်း သြဝါဒစကား မိန့်ကြားတော်မူပြီး ဗဟိုအဖွဲ့ခွဲ (၁)ဥက္ကဋ္ဌ ဆရာကြီးဦးကြည်တင်က သာသနာရေးရာများ လျှောက်ထားပါသည်။ ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များကို သာမန်အဆင့်နှင့် ထူးချွန်အဆင့်ဟူ၍...
Read More

သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော်ေ (135)ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ကျင်းပပြုလုပ်လျှက်ရှိသော နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၅/၂၀၁၅)အား (၂၀၁၅)ခု ဇူလိုင်လ (၁၂)ရက်နေ့ နေ့လည်(၁)နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။...
Read More