ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: August 2015

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၇/၂၀၁၅)ကို ဖွင့်လှစ်ပို့ချပါမည်

a (19) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၇/၂၀၁၅) ကို စက်တင်ဘာလ (၅)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သာသနာတော် အဆုံးအမများ အနာဂတ်လူငယ်မောင်မယ်များ၏ နှလုံးသားထဲ စွဲမြဲလာစေ...
Read More

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲ

အမှတ်စဉ် (၁၆/၂၀၁၅) သင်တန်းဆင်းပွဲကို သြဂုတ်လ (၈)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီ တွင် ကျင်းပခဲ့ပါသည်။ ဤသင်တန်းဆင်းပွဲကို မြတ်စွားဘုရားရှင်အား “နမောတဿ” မဟာပဏာမဘုရားရှိခိုးဖြင့် (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ အတွင်းရေးမှူး(၁)ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ပဓာနနာယက ရန်ကင်းတောရဆရာတော်မှ တိုင်းပြည်၏ အနာဂတ်သာသနာကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များအား ဓမ္မစာပေများ သင်ကြားပေးရန်တွက် ဆရာ၊ ဆရာမများ၏ အဓိကတာဝန်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးအောင်မြင့်မှ ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး-ငြိမ်း ဆရာမကြီးဒေါ်ခင်လင်းမှလည်း သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကိုလည်းကောင်း၊ သင်တန်းသားများကိုယ်စား သင်တန်းသား လည်စွဲအမှတ်(၁) သတ(၇၆၅) ဦးအောင်ကိုကိုဦးမှ...
Read More

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅) ဖွင့်လှစ်ခြင်း

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅)ကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် သြဂုတ်လ (၁)ရက်နေ့ညနေတွင် ဖွင့်လှစ်ပါသည်။ ဤသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ (၁၄)ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး စုစုပေါင်းဆရာဆရာမ (၂၉)ဦး တက်ရောက်ကြပါသည်။ သင်တန်းကာလမှာ ရက်သတ္တ္တစ်ပတ်ဖြစ်ကြောင်းသိရှိရပါသည်။ ...
Read More