ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2015

နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ကို ဖွင့်လှစ်ပို့ချပါမည်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ကို အောက်တိုဘာလ (၃) ရက်နေ့မှ (၁၀) ရက်နေ့အထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။ ဆရာဖြစ်သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်ဝင်တန်းအထက် ပညာအရည်အချင်း ရှိရမည်ဖြစ်ပြီး မိမိ၏ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာရပါမည်။ သင်တန်းသား အရေအတွက် ( ၆၀ ) ဦးသာလက်ခံမည်ဖြစ်ပါသဖြင့် စာရင်းကြိုတင်ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆက်သွယ်ရန်...
Read More