ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: November 2015

ရန်ကင်းတောရ၌ ဝိပဿနာတရားစခန်းဖွင့်လှစ်ပြီ

ရန်ကင်းတောရကျောင်းတွင် ရှေးအစဉ်အလာအတိုင်း ဝိပဿနာတရားစန်း Winter retreat ကို ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေတွင် ဖွင့်လှစ်ခဲ့ပါသည်။ အချိန်ပြည့်ယောဂီအဖြစ် ရပ်နီးရပ်ဝေးများမှ လူငယ်နှင့် လူလတ်ပိုင်းများကို စိစစ်ကာလက်ခံထားပြီး အချိန်ပိုင်း ယောဂီမှာကျောင်းမှ သံဃာတော်များ၊ သီလရှင်ဆရာလေး များနှင့် ကျောင်းသူ ကျောင်းသားများ ဖြစ်ပါသည်။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ယနေ့ ယောဂီ စုစုပေါင်း(၃၀)ဦး တို့သည် အချိန်ပိုင်းနှင့် အချိန်ပြည့် (၁၀)ရက် တရားစခန်းဝင် အားထုတ်လျှက် ရှိပါသည်။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ...
Read More

နှစ်​ပတ်​လည်​အ​စည်း​အ​ဝေး​သို့ ​စာ​တမ်း​များ​တင်​သွင်း​နိုင်​ရန် ​ဖိတ်​ခေါ်​အပ်​ပါ​သည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁)၏ ဓမ္မကျောင်းတော်များ နှစ်ပတ်လည် အစည်းအဝေး(၂၀၁၅) တွင် တင်သွင်းမည့် စာတမ်းခေါင်းစဉ်များကို အောက်ပါအတိုင်း ကဏ္ဍသုံးခု ခွဲခြားထားပါသည်။ (၁) ယဉ်ကျေးလိမ္မာသင်တန်းများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဖွင့်လှစ်နိုင်ရေး ဆိုင်ရာစာတမ်း (၂) ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေးဆိုင်ရာစာတမ်း (၃) ယဉ်ကျေးလိမ္မာသင်တန်းများ ရေရှည်တည်တံ့ရေးဆိုင်ရာ စာတမ်းများကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဘာသာရပ်တွင် အကျွမ်းတဝင်ရှိပြီး အတွေ့အကြုံ ရှိသူများက ရေးသားတင်သွင်းနိုင်ကြောင်း သိရှိရပါသည်။ ဤကဏ္ဍ (၃)ခုအနက် မိမိနှစ်သက်ရာ ကဏ္ဍအတွက် စာတမ်းရေးသား တင်သွင်းခွင့် ရှိပါသည်။ စာတမ်းတင်သွင်းရန် စိတ်ပါဝင်စားသူတိုင်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရေးသားတင်သွင်းနိုင်ပါသည်။ စာတမ်း၏အောက်ခြေ၌ ရေးသားသည့် ပုဂ္ဂိုလ် (ဝါ) အဖွဲ့အစည်း၏ အမည်၊ နေရပ်လိပ်စာ၊...
Read More