ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၄၀) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: November 2015

သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား . . .

(က) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ(ရန်ကင်းတောရကျောင်း)တွင် ရှေးရှေး အစဉ်အလာမပျက် ဤဆောင်းတွင်း၌လည်း(၁၀)ရက် ဝိပဿ နာတရားစခန်း ဖွင့်လှစ်ရန် အစီအစဉ် ရှိနေပါသည်။ (ခ ) ယောဂီဦးရေနှင့် အသက်အပိုင်းအခြား ကန့်သတ်ချက်ရှိကောင်းရှိပါမည်။ (ဂ ) ဤတရားစခန်း၌မူ ဆရာတော်ဘုရားမှ နည်းပြသင်တန်း ဆင်းပြီးသူလူငယ်နှင့် လူလတ်ပိုင်းကို ဦးစားပေးလိမ့််မည်ဟု ထင်မိပါသည်။ (ဃ) ရန်ကင်းတောရဆရာတော်၏ ကျန်းမာရေးအခြေအနေပေါ် မူတည်ကာ တရားစခန်း ရက်သတ်မှတ်ပေးတော်မူပြီးပါက အသေးစိတ်ကို မကြာမီရက်ပိုင်းအတွင်း၌ပင် ထုတ်ပြန် ကြေငြာပေးပါမည်။ (င ) စိတ်ပါဝင်စားသူများ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာရုံးခန်းသို့ ဖုန်းဖြင့်လည်းကောင်း Email ဖြင့်လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ...
Read More

ဓမ္မကျောင်းတော် နှစ်ပတ်လည်ပွဲကျင်းပရေးကြိုတင်ညှိနှိုင်း

IMG_0195 မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၌ဓမ္မကျောင်းတော် နှစ်ပတ်လည်ပွဲကျင်းပနိုင်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၀၁း၀၀) နာရီအချိန်တွင် စင်တာ၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဒေသအသီးသီးမှဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ရေရှည် တည်တံ့ရေးအတွက် တာဝန်ရှိကြသည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နှစ်ပတ်လည် အစည်းအဝေးပွဲကြီး(၂၀၁၅) ကို ဒီဇင်ဘာလ (၁၂)ရက်နေ့နှင့် (၁၃) ရက်နေ့ (၂) ရက် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။ နှစ်ပတ်လည်အစည်းအဝေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်...
Read More

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာရဲ့ ပြက္ခဒိန် အသစ်ထွက်ပါပြီ

2 3 4 နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာနရဲ့ (၂၀၁၆) ပြက္ခဒိန် အချိန်မီထွက်ပါပြီ။ သင်တန်းဌာနမူဟန်အတိုင်းပဲ ချစ်စရာကလေးငယ်တွေရဲ့ ဓမ္မကျောင်းတော်ဆိုင်ရာ လှုပ်ရှားမှုဓါတ်ပုံ(၂၉)ပုံပါပြီး ကြွေသားစက္ကူ (၄)မျက်နှာ...
Read More