ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: December 2015

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁)၊ ဓမ္မကျောင်းတော်နှစ်ပတ်လည်အစည်းအဝေး (၂၀၁၅)အခမ်းအနာစတင်ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁)၊ ဓမ္မကျောင်းတော်နှစ်ပတ်လည်အစည်းအဝေး (၂၀၁၅)၏ ဒီဇင်ဘာလ(၁၂)ရက်နံနက်(၈)နာရီ တွင်မြတ်စွာဘုရားအား "နမောတဿ ဘုရားရှစ်ခိုးဖြင့်(၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ် နေပါပြီခင်ဗျား။ start5 start4 start3 start1...
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ ၁ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ မှာ ပြုလုပ်သောဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးရဲ့မိတ်ဆက်ဏ္ဍ ပြုလုပ်နေပုံများပါရှင်IMG_0474 IMG_0439 IMG_0423 IMG_0411 IMG_0398 Read More

ရန်ကင်းတောရနှင့် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ အကြောင်း

ရန်ကင်းတောရကျောင်း (အပိုင်း-၁) ကမ္ဘာစစ်ကြီးများ မတိုင်ခင် ရှေးရှေးကာလကပင် ၀ိနည်းသီလအရာတွင် အထူး အလေးဂရုပြုတော်မူ လေ့ရှိသည့် ဝိနယဂရုက လဇ္ဇီပေသလ သိက္ခာကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်းတောင်တော် ပေါ်တွင် သီတင်းသုံးတော်မူခဲ့ကြပါသည်။ ကောဇာသက္ကရာဇ် (၁၂၉၂)ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၉၃၀) ခုနှစ်တွင် ဆရာတော်ဘဒ္ဒန္တကေလာသ အား သပြေပင်ကျေးရွာမှ ဒါယကာ ဦးဖိုးစိန်၊ ဒါယိကာမ ဒေါ်ခင်လေးတို့မှ မိမိတို့ပိုင် ယာမြေများကို တောရ ကျောင်းအဖြစ် လှူဒါန်းခဲ့ရာမှ ရန်ကင်းတောရကျောင်းဟူသော အမည်တွင်လာခဲ့ရာ ယခုအခါ နှစ်ပေါင်း (၈၅)နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သာသနာတော်တွင် နေလပမာ ထင်ရှားသည့် ညောင်လွန့်တောရ ဆရာတော်ကြီး၏ ဥပနိဿယခံ တပည့်တစ်ပါး ဖြစ်တော်မူသည့် လဇ္ဇီပေသလ ဝိနယကုက္ကုစ္စ ရဟန်းတော်မြတ် ဘဒ္ဒန္တဉာဏိန္ဒထေရ်သည်...
Read More

နှစ်ပတ်လည်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေပုံ

နှစ်ပတ်လည်အစည်းအဝေးကျင်းပမည့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် တာဝန်ယူထားကြသည့် ကော်မတီအသီးသီးက ကြိုတင် ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်လျှက်ရှိသည်ကို ဒီဇင်ဘာလ(၃)ရက်နေ့က တွေ့ရပါသည်။...
Read More